အိန္ဒိယ၌ ကလေးဆေးရုံ မီးလောင်၊ မွေးကင်းစကလေးငယ် ၇ ဦးသေဆုံး

0
284

နူးဒေလီ၊မေ ၂၆

အိန္ဒိယ၌ ကလေးဆေးရုံ တစ်ရုံရှိ မွေးကင်းစ ကလေး စောင့်ရှောက်ရေး ဌာန မီးလောင်မှုကြောင့် မွေးကင်းစကလေးငယ် ၇ ဦးသေဆုံးခဲ့ကြောင်းသိရသည်။ မီးလောင်မှုသတင်းရရချင်း အခင်းဖြစ်နေရာသို့ မီးသတ်ကားကိုးစီးဖြင့်သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်း သက်ဆိုင်ရာမီးသတ်ဌာနအရာရှိတစ်ဦးကပြောကြားခဲ့သည်။

အခင်းဖြစ်ပွားရသည့်အကြောင်းအရင်းကို ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီးကပြောကြားခဲ့သည်။ ယခုဖြစ်စဉ်အတွင်း သေဆုံးသွားသူများနှင့်ဒဏ်ရာရရှိသွားသူများ အနေဖြင့် လျော်ကြေးငွေကို အမြန်ဆုံး ရရှိစေရန်နှင့် ဆေးရုံမှတာဝန်ရှိသူများကို ဖမ်းဆီးခြင်းကိုအရှိန်မြှင့်တင်ရန်လည်းတောင်းဆိုထားသည်။

ထို့ပြင် ယခုဖြစ်စဉ်အတွက် ပေါ့ဆမှု၌တာဝန်ရှိသူများနှင့်ပုဂ္ဂလိကဝန်ထမ်းများ၏ အမည်စာရင်းများကိုပေးရန် ကျန်းမာရေးဝန်ကြီးကညွှန်ကြားထားပြီး အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့သည့်ကလေးငယ်များကိုလည်း အကောင်းဆုံးပုဂ္ဂလိကဆေးရုံ၌ ဆေးကုသမှုခံယူခွင့်ရရှိရန်စီစဉ်ပေးဖို့လည်းတောင်းဆိုထားကြောင်းသိရသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ဒေလီပြည်နယ်ဝန်ကြီးချုပ်က မီးလောင်မှုဖြစ်ရသည့်အကြောင်းအရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ကာ ပေါ့ဆမှုအတွက်တာဝန်ရှိသူတိုင်းကို ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်းနှင့် မီးလောင်မှုအတွင်း မိမိတို့၏ရင်သွေးများကိုဆုံးရှုံးလိုက်ရသူများအတွက်လည်း ထပ်တူဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းပါ ထည့်သွင်းပြောကြားခဲ့သည်။

ယခုလက်ရှိအချိန်၌ ကလေးဆေးရုံပိုင်ရှင် ဒေါက်တာ နာဗီးန် သည် ထွက်ပြေးတိမ်းရှောင်နေသည်ဟုလည်း သက်ဆိုင်ရာတာဝန်ရှိသူများကပြောကြားခဲ့သည်။

Source : သည်အင်းဒီးယန်းအိတ်စ်ပရက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here