စင်ကာပူလေကြောင်းလိုင်းမှာ ခရီးသည် ၄၃ ဦးနဲ့ အမှုထမ်းတစ်ဦး ဘန်ကောက်မှာ ဆေးကုသမှု ခံယူနေရဆဲဟု ဆို

0
81

မေလ ၂၁ ရက်က ပျံသန်းနေစဉ် မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝကျွန်းပေါ်၏အထက်ရှိကောင်းကင်းယံတွင် ပြင်းထန်တဲ့ လေထုမငြိမ်သက်မှုနဲ့ကြုံတွေ့ခဲ့တဲ့ စင်ကာပူလေကြောင်းလိုင်းရဲ့ ခရီးစဉ်အမှတ် SQ321 မှ စုစုပေါင်း လူ ၄၄ ဦးဟာ ဆေးရုံတက်ကုသနေရဆဲဖြစ်တယ်လို့ စင်ကာပူလေကြောင်းလိုင်းက မေ ၂၅ ရက် ဖေ့စ်ဘုတ်ပို့စ်တစ်ခုမှာ ပြောဆိုပါတယ်။

မေ ၂၅ ရက် ၈ နာရီခွဲအချိန် လေကြောင်းလိုင်းရဲ့ နောက်ဆုံးသတင်းထုတ်ပြန်ချက်အရ ခရီးသည် ၄၃ ဦးနဲ့ အမှုထမ်း တစ်ဦးတို့ဟာ ဘန်ကောက်ရှိ ဆေးရုံတွေမှာ ကုသမှုခံယူနေဆဲဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ခရီးသည်အများစုကို ကုသမှုပေးနေတဲ့ ဘန်ကောက်ဆေးရုံက ယင်းနေ့အစောပိုင်းမှာ ပြောဆိုခဲ့ရာမှာ ခရီးသည် ၄၃ ဦး ဆေးရုံမှာ ရှိနေဆဲဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

Samitivej Srinakarin ဆေးရုံရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ မေ ၂၅ ရက်မွန်းလွဲပိုင်းအထိ ၎င်းရဲ့ ဆေးရုံဝန်းအတွင်း ခရီးသည် ၃၄ ဦး ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ထပ် ခရီးသည် ၇ ဦးက Samitivej Sukhumvit ဆေးရုံမှာနဲ့ ၂ ဦးက ဘန်ကောက်ဆေးရုံမှာဖြစ်တယ်လို့ သိရပါတယ်။ 

Samitivej Srinakarin ဆေးရုံရှိ ၃၄ ဦးဟာ အမျိုးသား ၁၅ ဦးနဲ့ အမျိုးသမီး ၁၉ ဦးဖြစ်ပြီး သြစတြေးလျ၊ ဗြိတိန်၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေဖြစ်ကာ ယင်းတို့ထဲက ခုနစ်ဦးဟာ ICU မှာ ကုသမှုခံယူနေကြရတယ်လို့ ဆိုပါတယ်။

Samitivej ဟာ များသောအားဖြင့် ဘန်ကောက်ရဲ့ ဝင်ငွေမြင့်မားသူတွေနဲ့ ပြည်ပနိုင်ငံသားတွေကို ဝန်ဆောင်မှုပေးတဲ့ ပုဂ္ဂလိက ဆေးရုံများအုပ်စုဖြစ်ပါတယ်။

SQ321 လေယာဉ်ဟာ မေ ၂၁ ရက်က လန်ဒန်ကနေ စင်ကာပူကို ထွက်ခွာလာစဉ် မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝှမ်းဒေသ ဝေဟင်မှာ ရုတ်တရက် ပြင်းထန်တဲ့ လေထု မငြိမ်သက်မှုနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ဖြစ်စဉ်အတွင်း အသက် ၇၃ နှစ်အရွယ် ဗြိတိန် ခရီးသည်တစ်ဦး ကွယ်လွန်ခဲ့ကာ ဒါဇင်များစွာ ဒဏ်ရာရရှိခဲ့ပါတယ်။

ယင်းဖြစ်စဉ်ကြောင့် ခရီးသည် ၂၁၁ ဦးနဲ့ လေယာဉ်အမှုထမ်း ၁၈ ဦးပါဝင်တဲ့ ဘိုးရင်း ၇၇၇-၃၀၀အီးအာ လေယာဉ်မှူးဟာ လေယာဉ်ကို ဘန်ကောက်ရှိ သုဝဏ္ဏဘူမိလေဆိပ်ကို အရေးပေါ် ဆင်းသက်ခဲ့ရတာဖြစ်ပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here