ကျောက်မဲနှင့် သီပေါကြားရှိ ကျင်သီ ယာယီတံတားကို ချောင်းရေကြောင့် ဖြတ်သန်းခွင့် ယာယီပိတ်ထား

0
103

ရှမ်းပြည်မြောက်ပိုင်း ၊ ကျောက်မဲနှင့် သီပေါအကြားရှိ ကျင်သီ ယာယီတံတားအား ယနေ့ မေလ(၂၆)ရက်၊ နံနက် (၁၀) နာရီအချိန်မှ စတင်၍ ဖြတ်သန်းသွာလာခွင့် ယာယီပိတ်ထားကြောင်း ကျောက်မဲမြို့ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

အဆိုပါ ဒေသတွင် ယနေ့ မေ(၂၆)ရက် နံနက်ပိုင်းအချိန်အထိ မိုးရွာသွန်းနေခြင်းကြောင့် တောင်ကျချောင်းရေမှာ ရေစီးသန်လာပြီး စိတ်ချရသည့်အခြေအနေတွင်မရှိသောကြောင့် ယာယီပိတ်ထားလိုက်ခြင်းဖြစ်ကာ လက်ရှိတွင် ကျောက်မဲ-သီပေါသို့ သွားလာမည့် ကားများ ပိတ်ဆို့မှု ဖြစ်ပွားနေကြောင်းသိရသည်။

“  ကျင်သီတံတားက တောင်ကျရေများတဲ့အတွက် တံတားကြံခိုင်မှု အခြေအနေစိုးရိမ်ရလို့ပါ။ မျောပါသွားတာတော့ မဟုတ်ဘူး။ တောင်ကျရေများလို့ တံတားက မျောပါချင်ချင်ဖြစ်နေတာကြောင့် ဒီမနက်မှာ ကားတွေကို ခေတ္တယာ ယီပိတ်ထားလိုက်တာပါ။ဒီနေ့ မိုးဆက်ပြီးရွာမယ်ဆိုရင်တံတားက မျောပါသွားနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်” ဟု ၎င်းက ပြောသည်။ 

တံတား၏ နောက်ဆက်တွဲအခြေအနေအား သတင်းအရင်းအမြစ်က ကြည့်ရှုရန်သွားရောက်နေပြီး အဆိုပါ ကျင်သီ တံတား ဖြတ်သန်းခွင့်အခြေအနေအား ပေါ်ပြူလာနယူးစ်အနေဖြင့် သတင်းထပ်မံဖော်ပြသွားရန် ကြိုးစားနေသည်။

ကျင်သီ ယာယီတံတားအား ယခုနှစ် မတ်လ (၃၀)ရက်တွင် ဆောက်လုပ်ပြီးစီးကာ ဒေသတွင်း ခရီးသွားများ ဖြတ်သန်းသွားလာခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ယမန်နှစ် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ စတင်သည့် တိုက်ပွဲများကြောင့် ဒေသတွင်းရှိ အဓိကကျသော တံတား(၅)စင်း ပျက်ဆီးခဲ့သဖြင့် လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများဖြင့် ရင်ဆိုင်နေကြရခြင်း ဖြ စ်သည်။

ဓာတ်ပုံ- CJ


LEAVE A REPLY

Please enter your comment!
Please enter your name here