ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် မြန်မာနှင့် တွေ့ဆုံမည့် ဂျပန်အသင်းတွင် လီဗာပူးကွင်းလယ်လူ နှင့် အာဆင်နယ် နောက်ခံလူတို့ ပါဝင်လာ

0
227

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ဝင်ရောက်ခွင့်အတွက် ဇွန် (၆)ရက်တွင် ရန်ကုန်မြို့ ၊ သုဝဏ္ဏအားကစားကွင်း၌ မြန်မာအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ဂျပန်အသင်းတွင် လီဗာပူးကွင်းလယ် ကစားသမားနှင့် အာဆင်နယ် နောက်ခံလူတို့ ပါဝင်လာကြောင်း သိရသည်။

လီဗာဗူးအသင်း၏ ကွင်းလယ်ကစားသမား အန်ဒို (အသင်းခေါင်းဆောင်) နှင့် အာဆင်နယ် နောက်တန်းကစားသမား တိုမီယာဆုတို့ ပြန်လည်ပါဝင်လာကြောင်း ဂျပန်အသင်း၏ လူစာရင်းထုတ်ပြန်ချက်အရ သိရသည်။

‌ဂျပန်အသင်း ထုတ်ပြန်လိုက်သည့် လူစာရင်း၌ ဂျပန်လိဂ်တွင် ကစားနေသော ကစားသမား (၅) ဦးသာပါဝင်ပြီး ယင်းအနက်(၃) ဦးမှာ ဂိုးသမားများဖြစ်ကာ၊ ကျန်ကစားသမား (၂၁)ဦးမှာ ဥရောပအပါအဝင် ပြည်ပကလပ်များတွင် သွားရောက် ကစားနေသည့် ကစားသမားများဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲအတွက် မြန်မာ့လက်ရွေးစင် အသင်းဘက်မှ ယနေ့အချိန်အထိတိုက်စစ်မှူးနှင့် ကစားသမားများစာရင်းထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း ဆီးရီးယားအသင်းနှင့်ယှဉ်ပြိုင်ကစားစဉ်က မောင်မောင်လွင်၊ အောင်သူ၊ လွင်မိုးအောင်၊ ကျော်မင်းဦး၊ ထက်ဟိန်းစိုး၊ စိုးမိုးကျော်၊ ဟိန်းဖြိုးဝင်း ၊ ကျော်ဇင်ဖြိုး၊ နေမိုးအောင်၊ ဝေလင်းအောင်နှင့် ခွန်ကျော်ဇင်ဟိန်းတို့အား ပွဲထုတ်ကစားခဲ့ကြသည်။

ပွဲစဉ်အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က နှစ်ဘက်အသင်း နာမည်ကျော်ကစားသမားအစုံအလင်ဖြင့် ပွဲကောင်းတစ်ပွဲဖြစ်သည်ဟု အသိပေးချက်တွင် ဖော်ပြထားသည်။

မြန်မာလက်ရွေးစင်အသင်းအနေဖြင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲများ ကစားရာတွင် ယမန်နှစ်က မြောက်ကိုရီးယားအသင်း ၊ မကာအိုအသင်း၊ ဆီးရီးယားအသင်း တို့ဖြင့် ခြေစမ်းပွဲများယှဉ်ပြိုင်ကစားခဲ့ပြီးနောက် ယခုနှစ်တွင် ဂျပန်အသင်းဖြင့် ခြေစစ်ပွဲကစားရခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here