ကူဝိတ်မြို့ကျင်းပသည့် Asian Culinary Festival တွင် မြန်မာ့ခရီးသွား မြှင့်တင်ရေး ဗီဒီယို ပါဝင်ပြသ

0
71

ကူဝိတ်မြို့၊ City Hypermarket (City Center) တွင် မေ (၂၄) ရက်က ကျင်းပသည့် Asian Culinary Festival တွင် မြန်မာသံရုံးအနေဖြင့် မြန်မာ့ခရီးသွားမြှင့်တင်ရေး ဗီဒီယို ပါဝင်ပြသခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာသံအမတ်ကြီးမှ အခြားသော အာရှနိုင်ငံများ အမတ်ကြီးများနှင့်အတူ ဈေးပွဲတော်ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

၎င်းဈေးပွဲတော်ကို ကူဝိတ်မြို့ရှိ အထင်ကရဈေးဝယ် စင်တာတစ်ခုဖြစ်သည့် City Hypermarket (City Center) ၏ အဓိကပံ့ပိုးမှုဖြင့် Jollibee၊ Vinta Kuwait၊ Berry Blast၊ Moonalicious၊ Hangout၊ Coffilia နှင့် Kedai Indonesia စသည့် စားသောက်ကုန်လုပ်ငန်းများက ပူးပေါင်း စီစဉ်ကျင်းပခြင်းဖြစ်သည်။

ဈေးပွဲတော်တွင် မြန်မာသံရုံးနှင့်အတူ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ နီပေါ၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံ သံရုံးတို့မှလည်းပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

ဈေးပွဲတော်၌ သက်ဆိုင်ရာ သံရုံးများက နိုင်ငံအလိုက် ရိုးရာအစားအသောက်နှင့် ထွက်ကုန်ပစ္စည်းများကို ပြသရောင်းချခဲ့ကြပြီး ယဉ်ကျေးမှုအကများဖြင့် တင်ဆက်ခဲ့ကြပြီး ခရီးသွား လုပ်ငန်းမြှင့်တင်ရေးဆိုင်ရာ ဗီဒီယိုများကိုလည်း နိုင်ငံအလိုက်ပြသခဲ့ကြကြောင်း သိရသည်။

မြန်မာသံရုံးအနေဖြင့် မြိတ်ကတ်ကြေးကိုက်နှင့် ရွှေကြည်၊ဆနွင်းမကင်းတို့ ပါဝင်ရောင်းချခဲ့ပြီး မြန်မာခရီးသွားမြှင့်တင်ရေးဗီဒီယို ပါဝင်ပြသခဲ့သည့်အပြင် အထင်ကရ ခရီးသွားနေရာများပါရှိသည့် လက်ကမ်းစာစောင်များ၊ စီဒီခွေများကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here