(၁၀) ကြိမ်မြောက် အာဆီယံ – တရုတ် လူငယ်ခေါင်းဆောင်များ တွေ့ဆုံပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့တတ်ရောက်

0
168

ပိုမိုတိုးတက်ကောင်းမွန်သော လူငယ်များနှင့်အနာဂတ်အတွက်ဟူသော ဆောင်ပုဒ်ဖြင့်ကျင်းပသည့် (၁၀) ကြိမ်မြောက် အာဆီယံ-တရုတ် လူငယ်ခေါင်းဆောင်များ အပြန်အလှန်တွေ့ဆုံပွဲအခမ်းအနားကို မေ (၂၁ )ရက် မှ (၂၄) ရက်အထိ ကွမ်ရှီးပြည်နယ်၊ နန်နင်းမြို့၌ ကျင်းပခဲ့ရာ မြန်မာကိုယ်စားလှယ်အဖွဲ့ တတ်ရောက်ခဲ့သည်။

အဆိုပါပွဲသို့  မြန်မာ – တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) မှ အလုပ်အမှုဆောင်နှစ်ဦးနှင့် လူငယ်ငါးဦးပါဝင်သောအဖွဲ့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

ယင်းတွေ့ဆုံပွဲတွင် မြန်မာလူငယ်အဖွဲ့သည် အာဆီယံနိုင်ငံအဖွဲ့ဝင် လူငယ်ကိုယ်စားလှယ်များနှင့် အပြန်အလှန်ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံခြင်း၊ အတွေ့အကြုံနှင့် ယဉ်ကျေးမှုဗဟုသုတများ ဖလှယ်ဆွေးနွေးခြင်း၊ နိုင်ငံအလိုက် အမျိုးသားယဉ်ကျေးမှု အဆိုအကများ တင်ဆက်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဖွင့်ပွဲပိတ်ပွဲအခမ်းအနားများတွင် မြန်မာ- တရုတ်ချစ်ကြည်ရေးအသင်းမှ လူငယ်ကိုယ်စားလှယ်အဖွဲ့က နှစ်ပြည်ထောင်အကြား အစောဆုံးစတင်ခဲ့ကြသော ပျူခေတ်ယဉ်ကျေးမှုအနုပညာအက အစီအစဉ်များ တင်ဆက်ပြသခဲ့ကြကြောင်း သိရသည်။

အဆိုပါ အာဆီယံ လူငယ်ကိုယ်စားလှယ်အဖွဲ့များကို ကွမ်ရှီးမြို့တော် နန်နင်းနှင့် စက်မှုဇုန်လှူကျို့ Liuzhou မြို့များသို့ လေ့လာရေးခရီးများ လှည့်လည်ပို့ဆောင်ပြသခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here