အားဆေးများနှင့် အသုံးများသည့် ဆေးဝါးများကို အဓိကထား၍ လုံလောက်အောင် ထုတ်လုပ်ပေးရန် ပြည်ထောင်စုဝန်ကြီးပြော

0
64

ပြည်တွင်း၌ အားဆေးများနှင့် အသုံးများသည့် ဆေးဝါးများကို အဓိကထား၍ လုံလောက်အောင် ထုတ်လုပ်ပေးစေလိုကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။

မေ (၂၄) ရက်က မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးပစ္စည်းထုတ်လုပ်သူများအသင်း တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ဆေးရုံကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်၊ မြို့နယ်ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲများအထိ လိုအပ်သော အခြေခံအဓိကဆေးနှင့် ဆေးပစ္စည်းများကို ပြတ်လပ်မှုမရှိစေရေး အထူးဂရုပြုဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စု ဝန်ကြီးက ဆိုသည်။

ပြည်သူ့ဆေးရုံများအတွက် ဆေးနှင့် ဆေးပစ္စည်းများကို ဝယ်ယူဖြန့်ဖြူးခြင်းဆောင်ရွက်ရာတွင် အရန်စုဆောင်းထားရှိခြင်း (Stock Piling)တို့ကို ဆောင်ရွက်ပြီး ဆေးဝါးပြတ်လပ်မှု မရှိစေရေး စီမံခန့်ခွဲဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးအတွက် ပြည်သူလူထုမှ စိုက်ထုတ်ကုန်ကျစရိတ် အတတ်နိုင်ဆုံးနည်းပါးအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။

ထို့ပြင် ဝန်ကြီးဌာနအနေဖြင့် စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်းအောက်ရှိ စက်ရုံများမှ အဓိကထား၍ ဝယ်ယူလျက်ရှိပြီး ပြည်တွင်းထုတ်ဆေးဝါးထုတ်လုပ်သည့် စက်ရုံများမှလည်း ဝယ်ယူလျက်ရှိကြောင်း သိရသည်

ပြည်တွင်းဆေးဝါးထုတ်လုပ်သော စက်ရုံများမှလည်း ဆေးဝါးအမျိုးအမည် စုံလင်စွာထုတ်လုပ်နိုင်သည့် အနေအထားရှိပြီး ပြည်တွင်း၌ ဆေးဝါး ထုတ်လုပ်မှုများ တိုးတက်လာစေရေးအတွက် နိုင်ငံတော်မှ ဆေးဝါးကုန်ကြမ်းများကို အဓိကထား တင်သွင်းခွင့်ပြုလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ဆေးဝါးထုတ်လုပ်သည့် စက်ရုံများအနေဖြင့်လည်း အခြေခံအဓိကဆေးဝါးများ၊ ပဋိဇီဝဆေးဝါးများ၊ အားဆေးများနှင့် အသုံးများသည့် ဆေးဝါးများကို ပြည်တွင်းတွင် အဓိကထား၍ လုံလောက်အောင် ထုတ်လုပ်ပေးစေလိုကြောင်း ဆက်လက်ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here