ရန်ကုန်တွင် သဘာဝဘေးကျရောက်ပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြင်ဆင်ထား

0
152

ယနေ့နံနက်ပိုင်းက ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်တွင် ပြုလုပ်သည့် သဘာဝဘေး အန္တရာယ်ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လူ၊ ယာဉ်၊ ယန္တရားစုဖွဲ့ထားရှိမှုများကို ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက လှည့်လည်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထိုသို့စစ်ဆေးရာတွင် ဝန်ကြီးချုပ်က သဘာဝဘေး အန္တရာ ယ်များ ဖြစ်ပွားလာပါက ကြိုတင်သတိပေးချက်များကို ပြ ည်သူလူထုထံသို့ အစောဆုံး ထုတ်ပြန်ကြေညာနိုင်လေ လူ့ အသက် အိုးအိမ်၊ စည်းစိမ်ဥစ္စာများ ဆုံးရှုံးမှုလျော့နည်းလေဖြစ်၍ စနစ်တကျ စီမံဆောင်ရွက်ထားရန်လိုအပ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

ထို့ပြင် သဘာဝဘေးအန္တရာယ်များသည် အဖျက်စွမ်းအားကြီးမားသည့်အတွက် အလွန်အရေးကြီးသော ကဏ္ဍတစ်ရပ်အဖြစ် နိုင်ငံတော် အစိုးရက အလေးထားဆောင်ရွက်လျက်ရှိကြောင်းလည်း တာဝန်ရှိသူများကို မှာကြားတိုက်တွန်းသည်ဟု သိရသည်။

သဘာဝဘေး အန္တရာယ်ကာကွယ်ရေး၊ကူညီကယ်ဆယ်ရေး၊ ပြန်လည်‌ထူထောင်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မှ လူအင်အားစုဖွဲ့ထားရှိမှု၊ မြေသယ်ယာဉ် (၂၁၀)စီး၊ (၁၂) ဘီး ယာဉ် (၅)စီး၊ Loader (ဝန်ချီစက်) (၁၂) စီး၊ မြေတူးစက် (၆) စီး၊ ဘူဒိုဇာ (၂)စီး၊ ကရိန်း (၁၄) စီး၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ ရေသယ်ယာဉ် (၂၅) စီး၊ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ (၆၂)စီး၊ မီးသတ်ယာဉ် (၃၀၈) စီး၊ ဆီဘောက်ဆာနှစ်စီး စုစုပေါင်းယာဉ်ယန္တရား (၆၄၆) စီး၊ လူ အင်အား (၃၀၅၆) ဦး စုဖွဲ့ထားရှိထားကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here