သန်လျင် – သုံးခွ ဓာတ်အားလိုင်း Circuit Breaker ပျက်စီးနေ၍ ရသလောက် ပြန်လည်အစားထိုးဓာတ်အားပေးနိုင်ရေးလုပ်နေ

0
577

သန်လျင် – သုံးခွ ဓာတ်အားလိုင်း Circuit Breakerပျက်စီးနေ၍ သန်လျင်၊ ကျောက်တန်းနှင့် ဒဂုံဆိပ်ကမ်းတို့၌ လျှပ်စစ်ဓာတ်အားပြတ်တောက်နေကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း(YESC)က အသိပေးထုတ်ပြန်ထားသည်။

ယမန်နေ့၊ မေလ (၂၅)ရက်၊ မွန်းလွဲပိုင်းက 230kV သန်လျင်ပင်မဓာတ်အားခွဲရုံရှိ 33kV သန်လျင် – သုံးခွ ဓာတ်အားလိုင်း၏ Circuit Breaker အပြစ်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း YESC ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို ဓာတ်အားခွဲရုံကို ပြန်လည်ထိန်းသိမ်းပြုပြင်နေစဉ်ကာလအတွင်း 230kV ခရမ်းပင်မဓာတ်အားခွဲရုံနှင့် သီလဝါဓာတ်အားခွဲရုံများ၏ 33kV ဓာတ်အားလိုင်းများဖြင့် ရသလောက် ပြန်လည်အစားထိုးဓာတ်အားပေးနိုင်ရေး ဆောင်ရွက်နေကြောင်းလည်း YESC က ဆိုသည်။

ထိုသို့လျှပ်စစ်ဓာတ်အားပြတ်တောက်နေမှုကြောင့် သန်လျင်မြို့နယ်တွင်းရှိ အများပြည်သူသုံးယာဉ်လိုင်းများ သဘာဝ ဓာတ်ငွေ့(CNG) ထည့်ရန် အခက်အခဲဖြစ်ပေါ်နေကာ ယာဉ်များ မထွက်နိုင်ဖြစ်နေကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here