ကလောခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ပြုလုပ်

0
102

ကလောခရီးစဉ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မေလ (၂ ၄) ရက်တွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်ကို ကလောမြို့ ကလောဂါးဒင်းဟိုတယ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် အစိုးရအဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်း၊ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့များ၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်ရာတွင် ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုအဖွဲ့ (DMO) များ၏ အခန်းကဏ္ဍမှာ အရေးကြီးကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်စပ်ဌာနများ၊ အသင်းအဖွဲ့များ၊ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ (UN Tourism) ၏ အစီရင်ခံစာအရ ကမ္ဘာနှင့်အဝန်း ခရီးစဉ်ဒေသများသို့ နိုင်ငံတကာခရီးသည် ရောက်ရှိမှုမှာ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တို့ နှိုင်းယှဉ်ပါက ၃၄ ရာခိုင်နှုန်းတိုးတက်ခဲ့သည်ကို တွေ့ရှိရပြီး မြန်မာနိုင်ငံသို့ ဝင်ရောက်မှုမှာလည်း တိုးတက်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ထို့ပြင် ကလောမြို့ ခရီးသွားလုပ်ငန်းပင်မစီမံကိန်း (၂၀၂၂ -၂၀၂၅) ပါ မဟာဗျူဟာ အစီအစဉ်များကို အထူးဂရုစိုက်အကောင်အထည်ဖော်ကြရန် လိုအပ်ကြောင်း၊ စီမံကိန်းမှာ ဒေသခံတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့ (DMO) များနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here