ရန်ကုန်ယူနိုက်တက်အသင်း ဗိုလ်လုပွဲတက်ပြီ

0
70

ယနေ့ မေ(၂၅)ရက် ညနေပိုင်းက MNL League Cup 2024 ဆီမီးဖိုင်နယ်ပွဲစဉ်အား ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရတနာပုံယူနိုက်တက်အသင်းတို့ ‌ယှဉ်ပြိုင်ကစားရာ၊ ရန်ကုန်ယူနိုက်တက်အသင်းက ပြိုင်ဘက် ရတနာပုံယူနိုက်တက်အသင်းအား သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ယင်းအတွက် ရန်ကုန်ယူနိုက်တက်အသင်းသည် ဖိုင်နယ်အဆင့်သို့ တက်ရောက်ရပြီဖြစ်ကာ ၊ မနက်ဖြန် မေ(၂၆) ရက်တွင် ယှဉ်ပြိုင်ကစားမည့် ရှမ်းယူနိုက်တက်နှင့် ဒဂုံစတားယူနိုက်တက် ပွဲစဉ်မှ အနိုင်ရရှိသည့်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ယနေ့တွင် ရန်ကုန်ယူနိုက်တက်အသင်းမှ အသင်းခေါင်းဆောင် ဒေးဗစ်ထန်း၊ ဝေလင်းအောင်၊ ရန်နိုင်ဦး၊ အဘူဘာကာတို့ပါဝင်ခဲ့ပြီး ၊ ပြိုင်ဘက် ရတနာပုံအသင်းအသင်းမှ စိုးထက်ဝင်း၊ ငြိမ်းချမ်းစိုး၊ ကြည်စိုး၊ မိုးဆွေ၊ စစ်မုန်းတို့ က ပြိုင်ပွဲအား ချည်းကပ်ကစားခဲ့ကြခြင်းဖြစ် သည်။

ယနေ့ပွဲစဉ်အား ကွင်းအတွင်းလာရောက်ကြည့်ရှု့သူ ပရိတ်သတ်များပြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here