မုန်တိုင်းအရှိန်ကြောင့်ဖြစ်ပေါ်လာနိုင်သည်များကို ကြိုတင်ပြင်ဆင်ရန် ဒုတိယဗိုလ်ချုပ်မှုးကြီးစိုးဝင်း မှာကြား

0
165

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် ဖြစ်ပေါ်လာနိုင်သည်များကို ကြိုတင်သတိပေးခြင်း၊ပြင်ဆင်ခြင်းနှင့်ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ကြရန် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

မေ၂၄က နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး (၁/၂၀၂၄)တွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုလက်ရှိတွင် မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသော်လည်း မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းကြီးနိုင်ခြင်း၊ ကမ်းရိုးတန်းဒေသတစ်လျှောက် မိုးကြီးခြင်း၊ လေပြင်းကျရောက်ခြင်းနှင့် နောက်ဆက်တွဲ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်လာနိုင်သည်ကိုလည်း ကြိုတင်ပြင်ဆင်ခြင်း၊ ဒေသခံများအား စဉ်ဆက်မပြတ်သတိပေးခြင်း ပြုလုပ်ရန်လိုအပ်ကြောင်းလည်း ဒုတိယဗိုလ်ချုပ်မှူးကြီးက ဆိုသည်။

ယခုလက်ရှိတွင်မူ မုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့နံနက်မှ စတင်ကာ မေ၂၇အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့နေရာများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here