Myanmar Women League 2024 Week-4 အပြီး ISPE အသင်း ရမှတ် (၈)မှတ်ဖြင့် အုပ်စုအဆင့်ထိပ်ဆုံးတွင် ရပ်တည်နေ

0
553

Myanmar Women League 2024 Week-4 အပြီး ISPE အသင်းအနေဖြင့်
ရမှတ်ပေါင်း (၈)မှတ်ဖြင့် အုပ်စုအဆင့်ထိပ်ဆုံးနေရာတွင် ရပ်တည်နေကြောင်း မြန်မာအမျိုးသမီး နေရှင်နယ်လိဂ်ကော်မတီက အသိပေးထားသည်။

အလားတူ အုပ်စုအဆင့် ဒုတိယနေရာနှင့်တတိယနေရာတို့တွင် မြဝတီအသင်းနှင့် ဧရာဝတီအသင်းတို့က ရမှတ်ပေါင်း (၇)မှတ်စီဖြင့် ရပ်တည်နေသည်။

ထို့အပြင် အုပ်စုအဆင့် အမှတ်ပေးရပ်တည်မှုအရ ရန်ကုန်ယူနိုက်တက်အသင်းသည် ရမှတ်ပေါင်း (၆)မှတ်ဖြင့် အဆင့်လေးနေရာ၌ လည်းကောင်း၊ YERO အသင်းသည် ရမှတ်ပေါင်း (၃)မှတ်ဖြင့် အဆင့်ငါး‌နေရာ၌လည်းကောင်း ၊ သစ္စာအားမာန်အသင်းသည် ရမှတ်ပေါင်း (၂)မှတ်ဖြင့် အဆင့်(၆)နေရာ၌ လည်းကောင်း ၊ ရှမ်းယူနိုက်တက်အသင်းမှာမူ ရမှတ်မရရှိသေးဘဲ အုပ်စုအဆင့်နောက်ဆုံးတွင် ရပ်တည်နေသည်ကို တွေ့ရသည်။

Myanmar Women League 2024 အမှတ်ပေးဘောလုံးပြိုင်ပွဲအား အသင်း (၇)သင်းဖြင့် ပွဲစဉ် (၂၁)ပွဲအထိ သုံးကျော့စနစ်ဖြင့်ယှဉ်ပြိုင်ကစားသွားမည်ဟု မြန်မာနေရှင်နယ်လိဂ်ကော်မတီက အသိပေးကြေညာထားသည်။

ယခုနှစ်ပြိုင်ပွဲအား မေလ (၇) ရက်မှ နိုဝင်ဘာလ(၅)ရက်နေ့အထိ ရန်ကုန်မြို့ ပဒုမ္မာကွင်းနှင့် စလင်းကွင်းတို့၌ သုံးကျော့စနစ်ဖြင့်ကျင်းပလျှက်ရှိကြောင်း သိရသည်။

သုံးကျော့စနစ်အရ (3 Round Robin) ပထမအကျော့အား မေ(၇)ရက်နေ့မှ ဇွန်(၁၁)ရက်နေ့အတွင်း Week-7 အထိလည်းကောင်း၊ ဒုတိယအကျော့အနေဖြင့် ဇူလိုင်(၁၇)ရက်မှ ဩဂုတ် (၂၀)ရက်အတွင်း Week-7 အထိလည်း ကောင်း၊ တတိယအကျော့အား စက်တင် ဘာ(၆) ရက်မှ နိုဝင်ဘာ(၅)ရက်အတွင်း Week-7 အထိ လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

ယခုနစ် ကျင်းပပြုလုပ်သည့် မြန်မာနေရှင်နယ်လိဂ် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်း နှစ်သင်း တို့ ထပ်တိုးယှဉ်ပြိုင်နေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here