ထိုးစစ်ရပ်တန့်ဖို့ ကမ္ဘာ့တရားရုံးက အမိန့်ချပြီးနောက်မှာပဲ အစ္စရေးက ရာဖာကို ဗုံးကြဲတိုက်ခိုက်

0
195

ဟားမတ်စ်တို့ရဲ့ အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုကနေ ပေါ်ပေါက်လာတဲ့ စစ်ပွဲနဲ့ပတ်သက်ပြီး ပဲရစ်မှာ အပစ်ရပ်သဘောတူညီချက်ရရေး ကြိုးပမ်းလုပ်ဆောင်နေချိန် ဂါဇာတောင်ပိုင်းမြို့မှာ ထိုးစစ်ရပ်ထားဖို့ ကုလသမဂ္ဂ ထိပ်တန်းတရားရုံးက အမိန့်ညွှန်ကြားချက်ချပြီးနောက်တစ်ရက်ဖြစ်တဲ့ မေ ၂၅ ရက်မှာပဲ အစ္စရေးက ရာဖာမြို့ အပါအဝင် ဂါဇာကမ်းမြောင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICJ) ရဲ့ ဆုံးဖြတ်ချက်မှာ ပါလက်စတိုင်း စစ်သွေးကြွလက်တွင်း ဖမ်းဆီးခံထားရဆဲဖြစ်တဲ့ ဓ-ါးစာခံအားလုံးကိုလည်း ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးဖို့ တောင်းဆိုထားခဲ့ပါတယ်။ ဂါဇာမြောက်ပိုင်းရှိ ချုပ်နှောင်ထားရာနေရာတွေကနေ နောက်ထပ် ဓ-ါးစာခံ ရုပ်အလေ-ာင်း သုံးလော-င်းကို တပ်ဖွဲ့ဝင်တွေ ပြန်လည်တွေ့ရှိခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောဆိုခဲ့ပြီး နာရီပိုင်းအကြာမှာ ယခု ဆုံးဖြတ်ချက် ထွက်လာတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် မေလအစောပိုင်းက မြို့ကို ထိုးစစ်စတင်စဉ် ပိတ်ထားလိုက်တဲ့ အီဂျစ်နဲ့ ဂါဇာကြားရှိ ရာဖာဝင်ပေါက်ကို ဖွင့်ပေးထားဖို့လည်း အစ္စရေးကို ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။

အစ္စရေးဘက်ကတော့ ရာဖာနဲ့ ပတ်သက်တဲ့ သူ့ရဲ့ ဦးတည်ချက်ကို အပြောင်းအလဲလုပ်ဖို့ ပြင်ဆင်လာတဲ့ လက္ခဏာမျိုး မတွေ့ရဘဲ တရားရုံးရဲ့ လုပ်ဆောင်ချက်တွေက မှားယွင်းနေတယ်လို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

ICJ ရဲ့ စီရင်မှုအပြီး မေလ ၂၅ ရက်အစောပိုင်းမှာ အစ္စရေးက ဂါဇာကမ်းမြောင်ကို တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့သလို အစ္စရေးစစ်တပ်နဲ့ ဟားမတ်စ် လက်နက်ကိုင်အဖွဲ့အကြား တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်ပေါ်နေခဲ့ကြောင်း သိရပါတယ်။ အစ္စရေးဟာ ရာဖာနဲ့ အလယ်ပိုင်းမြို့ ဒိုင်ယာ အယ်ဘာလာမှာ တိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ ပါလက်စတိုင်းတွေနဲ့ AFP သတင်းအဖွဲ့တွေက ပြောဆိုခဲ့ပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here