မိုင်းခွဲဖျက်ဆီးခံရသည့် မစောတံတားမှ အိမ်စီးကားငယ်များ ဖြတ်သန်းခွင့်ပြုနေဟု ဆို

0
61

ရန်ကုန်-‌မော်လမြိုင်ကားလမ်းမပေါ်ရှိ မိုင်းခွဲဖျက်ဆီးခံရသည့် မစောတံတားမှ အိမ်စီးကားငယ်များကို ယနေ့ မေ(၂၅) ရက် နံနက်ပိုင်းမှစတင်ကာ ဖြတ်သန်းခွင့်ပြုနေကြောင်း ဒေသခံသတင်းအရင်းအမြစ်တစ်ဦးကပြောသည်။

သို့သော် တံတား၏ ကြံ့ခိုင်မှုအခြေအနေအရ ယာဉ်ငယ်များကိုသာ ဖြတ်သန်းခွင့်ပြုနေပြီး၊ ဝန်ပါသောယာဉ်များကို ဖြတ်သန်းခွင်းမပြုကြောင်းဆိုသည်။

ယမန်နေ့ ညနေပိုင်းမှစတင်၍ ယာဉ်များ ပိတ်ဆို့နေသည့်အခြေအနေအပေါ် ဖြေရှင်းသည့်အနေဖြင့် အိမ်စီးကားငယ်များကို စတင်ဖြတ်သန်းခွင့်ပြုပေးခြင်းဖြစ်ကြောင်း သိရသည်။

“အိမ်စီးကားလောက်ပါဘဲ။ ဝန်တင်ထားတဲ့ယာဉ်တွေတော့ပေးမဖြတ်ဘူး။ နို့မို့ဆို ခရီးသွားကားသေးတွေ ယာဉ်ကြီးတွေနဲ့ရောပြီး လမ်းပြန်ဖွင့်တဲ့အခါကြရင် ပိတ်မိကုန်မှာစိုးလို့ပါ။ အခုလည်း မြေသားလမ်းကို ပြင်နေကြပြီ။ ဒီတစ်ရက်နှစ်ရက်အတွင်း သွားလို့ရအောင်ပြင်နေကြပါတယ်။လောလောဆယ်တော့ စောင့်ဆိုင်းနေကြရတုန်းပါ။”ဟု ၎င်းက ပြောသည်။

ထို့အပြင် ကျုံအိတ်တံတား ပြန်လည်ပြင်ဆင်မှုများ ရာခိုင်နှုန်းပြည့်ပြီးစီးနေပြီဖြစ်သဖြင့် လာမည့် ရက်ပိုင်းအတွင်း ဖြတ်သန်းမောင်နှင်ခွင့်ပြုတော့မည်ဖြစ်ကြောင်း သိရသည်။

ကနဦး မိုင်းခွဲဖျက်ဆီးခံရသည့် ကျုံအိတ်တံတားအား မေ(၂၃)ရက်မှစတင်ကာ ရွှေသံလွင်ကုမ္ပဏီက သံဘေလီအမျိုးအစားတံတားအား လုပ်ဆောင်ပေးလျှက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here