​ကော်ဖီ​စျေးကွက်ကြီးလာသည့်တရုတ်နိုင်ငံတွင် မြန်မာနိုင်ငံမှ ကော်ဖီလုပ်ငန်းရှင်များ ပါဝင်ပြသရန် ဖိတ်ခေါ်

0
77

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင် CAFE SHOW CHINA 2024 ပြပွဲတွင် မြန်မာနိုင်ငံမှ ကော်ဖီလုပ်ငန်းရှင်များ ပါဝင်ပြသရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

ပေကျင်းမြို့၌ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ (၃၀) ရက်မှ စက်တင်ဘာလ (၁) ရက်အထိ CAFE SHOW CHINA 2024 ကို ကျင်းပသွားမည်ဖြစ်ပြီး မြန်မာ နိုင်ငံမှ စိတ်ပါဝင်စားသည့် ကော်ဖီလုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ကြောင်း သိရသည်။

ယခင် ၂၀၂၃ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် CAFE SHOW တွင် သံရုံးများ၊ ကော်ဖီစိုက်ပျိုး ထုတ်လုပ်သူအသင်းအဖွဲ့များနှင့် ကော်ဖီလုပ်ငန်းရှင်များ ပါဝင်ပြသခဲ့ပြီး ယခုနှစ်ကျင်းပပြုလုပ်မည့်ပွဲ တွင်လည်း ထိုနည်းတူဖိတ်​ခေါ်ထားသည်။

တရုတ်နိုင်ငံတွင် လူဦးရေ သန်းပေါင်း တထောင့်လေးရာသုံးဆယ်ခန့်ရှိပြီးကော်ဖီသောက်သုံးနှုန်း တနှစ်ထက်တနှစ် တိုးတက်လာသည့်အတွက် ကြီးမားသည့် ကော်ဖီဈေးကွက်ကြီး ဖြစ်​နေ၍ အခွင့်အလမ်း​ကောင်းများရှိနိုင်​ကြောင်း ​မျှော်လင့်ကြသည်။

“အချက်အလက်​တွေအရ​တော့ ၂၀၂၃ ခုနှစ်မှာ တရုတ်ပြည်ကော်ဖီဈေးကွက်ဟာ ယွမ် ၂၆၅.၄ ဘီလီယံ ​လောက် ရှိလာ​နေပြီး တနှစ်ကို ၁၇%​လောက်ကြီးမားတိုးတက်လာ​နေ​ကြောင်း” အသင်းသားတစ်ဦးကဆိုသည်။

အဆိုပါ ကုန်စည်ပြပွဲတွင် ပါဝင်ပြသလိုသည့် မြန်မာနိုင်ငံကော်ဖီအသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များ၏ အမည်စာရင်းအား မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း-၀၆၇-၄၀၈၆၂၂၊ E-mail: event.td. [email protected]  သို့ ဇူလိုင်လ(၁)ရက် (တနင်္လာ နေ့) နောက်ဆုံးထားပြီး ပေးပို့နိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here