ဂါဇာသို့အထောက်အပံ့ ပစ္စည်းများ ရောက်စေရေး အီဂျစ် ကို ကန်နိုင်ငံခြား‌ရေးဝန်ကြီးတိုက်တွန်း

0
71

ဝါရှင်တန်၊မေ ၂၃

ဂါဇာသို့ပို့မည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများသည် အီဂျစ်ဘက်၌သာ ရပ်တန့်နေသဖြင့် ဂါဇာသို့ဆက်လက်ပို့ဆောင်နိုင်ရန် လုပ်နိုင်သမျှလုပ်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အီဂျစ်ကို တိုက်တွန်းခဲ့ကြောင်းသိရသည်။

မေလ ၇ ရက်နေ့က အစ္စရေးစစ်တပ်သည် ဂါဇာတောင်ပိုင်းရှိရာဖာမြို့သို့ဝင်ရောက်နိုင်မည့်လမ်းကို ပိတ်ထားသဖြင့် အကူအညီများကိုပို့နိုင်ရန်ခက်ခဲနေသေးသော်လည်း Kerem Shalom ဂိတ်တစ်ခုဖွင့်ထားသေးသည့်အတွက်သာ အကူအညီများအထိုက်အသင့်ရရှိနေဆဲဖြစ်သည်ဟုလည်း ဘလင်ကန်ကဆိုသည်။

ပါလက်စတိုင်းစစ်သွေးကြွများ၏ အစ္စရေးသို့အောက်တိုဘာ ၇ ရက်ကတိုက်ခိုက်မှုအပေါ် လက်တုန့်ပြန်သည့်အနေဖြင့် အစ္စရေးက ဂါဇာကို ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဂါဇာကမ်းမြောင်တောင်ပိုင်းရှိ ရာဖာတွင် အစ္စရေးက စစ်ဆင်ရေးများ ကို အရှိန်မြှင့်လုပ်ဆောင်လာချိန်မှစ၍ အဆိုပါဒေသမှ လူပေါင်း ၉၀၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသ ကဲ့သို့ အကူအညီပစ္စည်းများလည်းနှောင့်နှေးကုန်ကာ အီဂျစ်နှင့်ပါတင်းမာမှုများတိုးမြင့်လာကြောင်း ကုလသမဂ္ဂကပြောကြားခဲ့သည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here