AGD ဘဏ်မှ “grow” CSR program ကြီးရဲ့ တစ်စိတ်တစ်ပိုင်းအနေဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ လူနာပေါင်း ၁,၀၀၀ ကို “AGD ရဲ့ မေတ္တာအလှူ အတူတကွ မျှဝေကူ” (Nourish Care) ခေါင်းစဉ်ဖြင့် အာဟာရဖြည့်တင်းခြင်း။

0
65

၂၀၂၄ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့တွင် AGD ဘဏ်မှ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ကုသဆောင်အားလုံးရှိ လူနာပေါင်း ၁,၀၀၀ တို့အား အာဟာရဖြည့်တင်းနိုင်စေရန် ညနေစာ ထမင်းဟင်း၊ ငှက်ပျောသီး၊ ပဲနို့၊ AGD ရေဘူးများ၊ ရေနွေးစက်များနှင့်အတူ ကျန်းမာရေးဆုတောင်းစကားများ အပြင် ထပ်မံဖြည့်စွက်၍ ဘဏ်ဝန်ထမ်းမိသားစုဝင်များမှ လူနာများ အထွေထွေလိုအပ်နိုင်မည့် စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများအား မေတ္တာစေတနာတို့ဖြင့် စုပေါင်းမျှဝေခဲ့ကြပါတယ်။ ဒါ့အပြင် AGD ဘဏ်ရဲ့ ၂၀၂၄ ခုနှစ် ဆောင်ပုဒ်ဖြစ်တဲ့ “Empowering Lives, Embracing Green” ကို ရောင်ပြန်ဟပ်ကာ ပွဲအတွင်း ပလတ်စတစ် (plastics) အား လျှော့ချအသုံးပြု၍ စီစဉ်ဆောင်ရွက်ခဲ့ကြောင်းလည်း အဆိုပါဘဏ်မှ ကြားသိရပါတယ်။

AGD ဘဏ်မိသားစုမှ ပွဲအတွင်းရိုက်ကူးခဲ့သော ပုံများကို အားလုံးအတူ ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

​#Thebankthatgrowswithyou


LEAVE A REPLY

Please enter your comment!
Please enter your name here