ရခိုင်တွင် သဘာဝဘေးအတွက် ပြည်နယ်အစိုးရ ကြိုတင်ပြင်ဆင်နေ

0
66

ရခိုင်ပြည်နယ် အစိုးရအနေဖြင့် ပြည်နယ်အတွင်း ကျရော က်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက် ကြို တင်ပြင်ဆင်မှုများဆောင်ရွက်နေကြောင်း  သိရသည်။

ဘင်္ဂလားပင်‌လယ်အော်အတွင်း ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် လာမည့်ရက်ပိုင်းအတွင်း ပိုမိုအားကော င်းလာကာ မုန်တိုင်ငယ်အဆင့်သို့ ရောက်ရှိပြီး ထိုမှတဆင့် ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ဆက်လက်အားကောင်းလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ အသိပေးကြေညာထားပြီးဖြစ်သည်။

အဆိုပါ မုန်တိုင်း၏ အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းဒေသအပါအဝင် မြစ်ဝကျွန်းပေါ်ဒေသ၊ မွန် ၊တနင်္သာရီ ကမ်းရိုးတ န်းဒေသများအပါအဝင် တိုင်းနှင့် ပြည်နယ် အနှံ့အပြားနီး ပါးတွင် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်းလည်း ကြိုတင်သတိပေးထားသည်။

အဆိုပါ သတိပေးချက်များနှင့်အညီ ကြိုတင်ကာကွယ် ရေးလုပ်ငန်းများကို စနစ်တကျ စီမံဆောင်ရွက်ထားနိုင်ခြင်း၊ ပြ ည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန အနေဖြင့်လည်း သဘာဝဘေးမဖြစ်ပွားခင်၊ ဖြစ်ပွားချိန်နှင့် ဖြစ်ပွားပြီးချိန်များတွင် လိုအပ်သည့် စက်၊ ကိရိယာ၊ ဆေး ဝါး၊ ထောက်ပံ့ရေးပစ္စည်းများကို ကြိုတင်ပြင်ဆင်ရန်လိုအ ပ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြည် နယ်အစိုးရအစည်းအဝေးတွင် တိုက်တွန်းသွားခဲ့သည်။

ကြိုတင်ပြင်ဆင်မှုများကို ပြည်နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းကော်မတီများ၊ ခရိုင်နှင့် မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များက ကြိုတင်ပြင်ဆင် ဆောင်ရွက်နေကြောင်းလည်း သိရသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ လတ်တ‌ လော သတိပေး ချက်များအရ  အဆိုပါ မုန်တိုင်းသည် မြန် မာကမ်းရိုးတန်းသို့ ဖြတ်ကျော်ဝင်ရောက်မည့် အခြေအနေမတွေ့ရသေးဘဲ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြားမှ ကုန်းတွင်းပိုင်းသို့ ဖြတ်ကျော် ဝင်ရောက်နိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here