အိန္ဒိယ ပဲဝယ်လိုအား မြင့်တက်သဖြင့် ပဲစင်းငုံဈေး စံချိန်တင် အမြင့်ဈေးသို့ရောက်ရှိလာ

0
141

အိန္ဒိယ၏ ပဲဝယ်လိုအား မြင့်တက်လာခြင်းကြောင့် ပဲစင်းငုံ တစ်တန်ဈေး ကျပ် (၄၃) သိန်းအထက်ထိ စံချိန်တင်မြင့်တက်လာကြောင်း ကုန်စည်ဒိုင်များတွင် ဖော်ပြထားသည့် ဈေးနှု န်းများအရ သိရသည်။

ပြီးခဲ့သည့် မေ (၁၇) ရက်တွင် ပဲစဉ်းငုံ( Red/ RC) တစ်တန်လျင် ငွေကျပ် ၄,၂၂၅,၀၀၀  ရှိရာမှ လက်ရှိရန်ကုန် ဈေးကွက်အတွင်း ပဲစင်းငုံ တစ်တန် (၄၃) သိန်းကျပ်အထက်သို့ ရောက်ရှိလာကြောင်း သိရသည်။

လက်ရှိ ဈေးကွက်အတွင်း၌ ပဲစင်းငုံ လက်ကျန်နည်းနေပြီးလှောင်လက် ကုန်သည်များ၏ လက်ထဲတွင်သာ ပဲရှိကြောင်း သိရသည်။

ထို့ပြင် အိန္ဒိယပို့ကုန်ပဲ တစ်မျိုးဖြစ်သည့် မတ်ပဲဈေးနှုန်းမှာ လည်း မေ လ (၂၀)ရက်တွင် အနည်းငယ် ပြန်အေးသွားသော်လည်း တစ်တန်လျင် ကျပ် (၃၂) သိန်းအထက်အမြင့်ဈေးတွင် ဆက်ရှိနေကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်ဖြစ်သည့် ပဲမျိုးစုံကို တင်ပို့နေသည့် ပြည်ပနိုင်ငံများအနက် အဓိက ကုန်သွယ်ဖက် နိုင်ငံလည်း ဖြစ်သည် ။


LEAVE A REPLY

Please enter your comment!
Please enter your name here