ရန်ကုန်- မော်လမြိုင်လမ်းပေါ်ရှိ မစောတံတား မိုင်းခွဲခံရ၊ တစ်ဦး‌ေ-သ သုံးဦး ဒဏ်ရာရ

0
74

မွန်ပြည်နယ်၊ ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်ရှိ မစောတံတား ယနေ့နံနက်အစောပိုင်းက မိုင်းခွဲခံရကာ တစ်ဦး ‌ေ -သဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

ရန်ကုန် – မော်လမြိုင်လမ်း၊ တောင်ကလေးရွာအနီးတွင် တည်ရှိသည့် အဆိုပါ တံတားသည် ဖောက်ခွဲခံရမှု အရှိန်ကြောင့် ထက်ပိုင်းကျိုးကာပျက်စီးသွား‌ေကြာင်း သိရသည်။

“တံတားပြိုတဲ့အချိန် ဆိုင်ကယ်တွေ ဖြတ်တယ်လို့ ပြန်သိရတယ်၊ သူတို့ပါ ပါသွားတာပေါ့၊ တစ်ယောက်သေတယ်၊ သုံးယောက်ထိတယ်” ဟု ကူညီကယ်ဆယ်ရေးလုပ်ပေးခဲ့သည့် အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

‌ေ-သဆုံးခဲ့ရသူမှာ အမျိုးသားတစ်ဦးဖြစ်ကာ ဒဏ်ရာရရှိသူ အမျိုးသမီးတယောက်နှင့် အမျိုးသားနှစ်ယောက်ကို ဘီးလင်းဆေးရုံသို့ ပို့ဆောင်ထားကြောင်း ထပ်မံသိရသည်။ 

မစောတံတား ဖောက်ခွဲခံရမှုကြောင့် ရန်ကုန် – မော်လမြိုင်ကားလမ်း ထပ်မံပိတ်ဆို့သွားပြီ ဖြစ်ကာ ယခုလက်ရှိတွင် ကားများသွားလာ၍ မရတော့ကြောင်း သိရသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်းကလည်း ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတားမိုင်းခွဲခံရကာ ရန်ကုန် -မော်လမြိုင်ကားလမ်း ရက်နှင့်ချီကြာမြင့်စွာ ပိတ်ဆို့မှုများ ဖြစ်ပွါးခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here