Promotion Conference on 21st CAEXPO ပွဲသို့ စိတ်ပါဝင်စားသော ကုန်သည်လုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင်

0
191

(၂၁) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် စိတ် ပါဝင်စားသည့် ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် ပါဝင်တ က်ရောက်နိုင်ကြောင်း အသိပေးထားသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန်ရည်ရွယ်၍ တရုတ်-အာဆီယံကုန်စည်ပြပွဲကို ၂၀၀၄ ခုနှစ်မှစတင်၍ တ ရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် နှစ်စဉ်ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သည် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ အတွင်းရေးမှူးချုပ်ရုံးနှင့် ကုန်စည်ပြပွဲဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်သည့် တာဝန်ခံဌာနအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

(၂၁) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၄) ရက်မှ (၂၈) ရက်အထိ ကျင်းပြမည်ဖြစ်ပြီး ပြပွဲကြီးအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးရန် တရုတ်-အာဆီယံကုန်စည်ပြပွဲ အတွင်း ရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ လာရောက်၍ ပြပွဲကျင်းပရေးဆိုင်ရာ သတင်းအချက်အ လ က်များအား ရှင်းလင်းမျှဝေမည်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ Promotion Conference on 21st CAEXPO အား ဇွန်လ ၃ ရက်နေ့ တွင် Wyndham Grand Yangon Hotel ရှိ U Bein 1 ခန်းမ၌ ကျင်းပသွားမည်ဖြစ်ပြီး (၂၁) ကြိမ်မြော က် တရုတ်-အာဆီယံကုန်စည်ပြပွဲ CAEXPO တွင် ပါဝင်ပြသရန် စိတ်ပါဝင်စားသည့် မြန်မာကုမ္ပဏီများအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ Email : event.td. mya ntrade@gmail. com နှင့် ဖုန်းနံပါတ် ၀၁-၃၈၅၃၂၃၊ ၀၆၇ -၄၀၈၆၂၂ သို့ မေးမြန်စုံစမ်း၍ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here