လူငယ်ဘောလုံးဖွံ့ဖြိုးရေး မြန်မာ-ဂျပန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် MOU ရေးထိုး

0
66

လူငယ်ဘောလုံး ဖွံ့ဖြိုးရေးလုပ်ငန်းများ အပါအဝင် အကယ် ဒမီကျောင်းများ ဖွံ့ဖြိုးရေးအတွက် မြန်မာ – ဂျပန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန်အတွက် ယနေ့ မေ(၂၂)ရက် နံနက်ပိုင်းက နားလည်မှု စာချွန်လွှာ (MOU)ရေးထိုးခဲ့ကြသည်။

MOU ရေးထိုးမှုအား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဂျပန် ဘောလုံးအဖွဲ့ချုပ် (JFA)ဥက္ကဋ္ဌ Tsune yasu Miyamoto တို့ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

မြန်မာ-ဂျပန် ပူးပေါင်းဆောင်ရွက်ရေးအတွက် သုံးနှစ်သက်တမ်းရှိ MOU လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါ သ ဘောတူညီချက်တွင် ဘောလုံးနည်း စနစ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေး၊ ဒိုင်လူကြီးလုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုး သမီးဘောလုံးဖွံ့ဖြိုးရေးနှင့် လူငယ်ဘောလုံးဖွံ့ဖြိုးရေးစသ ည့်အချက်(၄)ချက်အား သဘောတူညီခဲ့ကြကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ ယူ-၁၂ လူငယ်ဘောလုံးအသင်းအား ဘာစီလိုနာ၊ ဂျူဗင်တပ်စ်၊ ဂျပန်၊ J League လူငယ်ကလပ်များ ပါဝင်ယှဉ်ပြိုင်မည့် ယူ- ၁၂  နိုင်ငံတကာ ဖိတ်ခေါ် လူငယ်ပြိုင်ပွဲသို့ စေ လွှတ် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here