အာဆီယံနှင့် ကနေဒါနိုင်ငံတို့အကြား သိပ္ပံနှင့် နည်းပညာကဏ္ဍတွင်ဆက်ဆံရေးတိုးမြှင့်ရန်ဆွေးနွေး

0
56

(၂၁)ကြိမ်မြောက် အာဆီယံ – ကနေဒါ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတွင် သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုနယ်ပယ်၌ အာဆီယံနှင့် ကနေဒါအကြား လက်ရှိ ပူးပေါင်းဆောင်ရွက်နေသည့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ရန် ဆွေးနွေးခဲ့ကြောင်း သိရသ ည်။ 

ကနေဒါနိုင်ငံ၊ အော်တာဝါမြို့တွင် မေလ (၂၁) ရက်က ကျင်းပပြုလုပ်သည့် (၂၁)ကြိမ်မြောက် အာဆီယံ-ကနေဒါအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ ကနေဒါနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ခန့်ဆုမ်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်းဖြစ် သည်။

အစည်းအဝေးကို ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာန၊ အင်ဒို – ပစိဖိတ်ရေးရာ လက်ထောက် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Weldon Epp နှင့် မလေးရှားနိုင်ငံခြားရေး ဝန်ကြီးဌာန၊ အတွင်းရေးမှူးချုပ် Dato’ Sri Amran Mohamed Zin တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြပြီး၊ အစည်းအ ဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်း ဆို င်ရာ ဒုတိယအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးတွင် အဆင့်မြင့်အရာရှိကြီးများက “အာဆီယံ-ကနေဒါ မိတ်ဖက်ဆက်ဆံရေး ဆိုင်ရာပူးတွဲကြေညာချက်ကို အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅)” နှင့် “အာဆီယံနှင့် ကနေဒါအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး စတင် ထူထောင်သည့် ပူးတွဲကြေညာချက်” တို့အား အကောင်အထည်ဖော်မှု၏ ဖြစ်ပေါ်တိုးတက်မှုများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် အာဆီယံနှင့် ကနေဒါအကြား မဏ္ဍိုင်ကြီး(၃)ရပ်၌ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို ပြန်လည်ဆန်းစစ်ခဲ့ကြပြီး အဆင့်မြင့်အရာရှိကြီးများက အာဆီယံ-ကနေဒါ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မြဲစေရန်၊ အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြှင့်နိုင်မည့် နယ်ပယ်များနှင့် ဒေသတွင်းနှင့်နိုင်ငံတကာ၏ ဖြစ်ပေါ် တိုးတက်မှုအခြေအနေများအပေါ် ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။

မြန်မာသံအမတ်ကြီးက သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသ စ်မှုနယ်ပယ်တွင် အာဆီယံနှင့် ကနေဒါအကြား လက်ရှိပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေများ၊ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ရန်ဆွေနွေးခဲ့ကြောင်း သိရသည်။ 

ထို့ပြင် အနာဂတ်တွင် အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများနှင့်  အာဆီယံတူညီဆန္ဒ(၅)ချက် အ ကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံက အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ထည့် သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here