ပြင်းထန်တဲ့ အပူဒဏ်ကြောင့် မက္ကဆီကိုမှာ မျောက်တွေ သစ်ပင်ပေါ်မှ ပြုတ်ကျ ​ေ-သဆုံး

0
202

မက္ကဆီကိုနိုင်ငံမှာ အလွန်ပြင်းထန်တဲ့ အပူဒဏ်ကြောင့် ဟိုလာမျောက်ငယ်တွေ သစ်ပင်တွေပေါ်ကနေ ပြုတ်ကျ ​ေ-သဆုံးမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဆူညံတဲ့ ဟိန်းဟောက်သံတွေပြုတတ်တဲ့ မျိုးစိတ်တွေအဖြစ် လူသိများတဲ့ မျောက်ကောင်ရေ ၈၃ ကောင်ဟာ ပင်လယ်ကွေ့ကမ်းရိုးတန်းပြည်နယ်ဖြစ်တဲ့ Tabasco မှာ ​ေ-သဆုံးလျက် တွေ့ရှိခဲ့တာဖြစ်ပါတယ်။အသက်ထွက်​နေတဲ့​မျောက်​တွေကအလယ်အလတ်အရွယ်အစား​တွေဖြစ်ပါတယ်။ အခြားမျောက်တွေကိုတော့ ဒေသခံတွေက ကယ်ဆယ်စောင့်ရှောက်မှုတွေလုပ်ထားပြီး ယင်းတို့ထဲက မျောက်ငါးကောင်ကို တိမွေးကု ဆရာဝန်တစ်ဦးဆီ အလျင်အမြန်ပို့ဆောင်ပေးခဲ့ကာ အသက်ကယ်နိုင်ဖို့ ဂရုတစိုက်ကုသမှုပေးနေရကြောင်း သိရပါတယ်။

“သူတို့က ရေဓါတ်ခမ်းခြောက် အဖျားကြီးပြီး စိုးရိမ်ရတဲ့ အခြေအနေမျိုးနဲ့ ရောက်လာတာပါ၊ သူတို့တွေ အပူဒဏ်ကြောင့် ပျော့ခွေနေပါတယ်” လို့ ဒေါက်တာ ဆာဂျီယို ဗာလန်ဇူလာက ပြောဆိုပါတယ်။

မက္ကဆီကိုရဲ့ ပြင်းထန်တဲ့ အပူလှိုင်းတွေနဲ့ ဆက်စပ်ပြီး မတ်လမှစကာ လူသေဆုံးမှုက ၂၆ ဦးရှိခဲ့ပါတယ်။ ဒီအပူလှိုင်းတွေကြောင့် ဟိုလာမျောက် ဒါဇင်ချီသေဆုံးခဲ့ရပြီဖြစ်သလို ရာနဲ့ချီ သေဆုံးမှုဖြစ်လာနိုင်တယ်လို့ တိမွေးကု ဆရာဝန်တွေနဲ့ ကယ်ဆယ်ရေးသမားတွေက ပြောဆိုပါတယ်။

Tabasco ပြည်နယ် Tecolutilla မြို့မှာ သောကြာနေ့က မျောက်သေတွေကို စတွေ့ခဲ့ကြပြီး ဒေသခံ စေတနာဝန်ထမ်း မီးသတ်သမားတွေနဲ့ ကယ်ဆယ်ရေးသမားတွေက ထရပ်ကားတစ်စီးရဲ့ ကြမ်းပြင်မှာ မျောက်​ေ-သ ငါးကောင်ကို တွေ့ရှိခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

သစ်ပင်တွေအောက် မြေပြင်မှာ သေဆုံး သို့မဟုတ် သေအံ့မူးမူးဖြစ်နေတဲ့အနေအထားနဲ့ တွေ့ရှိတဲ့ မျောက်ကောင်ရေ ၈၃ ကောင်ရှိခဲ့တယ်လို့ တောရိုင်း တိရစ္ဆာန်ဇီဝဗေဒပညာရှင် ဂီဘတ်တို ကိုဇိုက ပြောဆိုပါတယ်။ မေ ၁၅ ရက်ဝန်းကျင်မှာ မျောက်တွေ ​ေ-သဆုံးမှုစဖြစ်ခဲ့ပြီး သီတင်းပတ်ကုန်ပိုင်းမှာ အထွတ်အထိပ်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့တွေ ပန်းသီးတွေလိုပဲ သစ်ပင်တွေပေါ်ကနေ ပြုတ်ကျပါတယ်၊ သူတို့ဟာ ပြင်းပြင်းထန်ထန် ရေဓါတ်ခမ်းခြောက်တဲ့ အခြေအနေမှာ ရှိနေပြီး မိနစ်ပိုင်းအတွင်းမှာပဲ ဆုံးပါးကုန်ကြတယ်” လို့ ပိုဇိုက ပြောဆိုပါတယ်။ နဂိုကတည်းက အားအင်ကုန်ခန်းနေတဲ့ တိရိစ္ဆာန်တွေဟာ မီတာများစွာ အမြင့်ကနေ ပြုကျတဲ့ ဒဏ်ပါပေါင်းပြီး အသက်ဆုံးရှုံးကြရတယ်လို့ ၎င်းက ဆက်လက် ပြောဆိုခဲ့ပါတယ်။

Ref: abc News


LEAVE A REPLY

Please enter your comment!
Please enter your name here