ကမ္ဘာ့ရေဖိုရမ် ဖွင့်ပွဲအခမ်းအနားနှင့် ဝန်ကြီးများအဆင့် အစည်းအဝေးသို့  မြန်မာ တက်ရောက်

0
157

(၁၀) ကြိမ်မြောက် ကမ္ဘာ့ရေဖိုရမ်နှင့် ဝန်ကြီးများအဆင့် ဆက်စပ်အစည်းအဝေးများကို အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် ၊ မေလ မေ(၂၀) မေ (၂၁) ရက်တို့တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာသံရုံးမှ သံမှူးကြီး ဒေါက်တာ အောင်သူစိုး တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။ 

ကမ္ဘာ့ရေဖိုရမ်တွင် အဆင့်မြင့်အစည်းအဝေး (High Level Meeting)၊ ဝန်ကြီးများအဆင့် အစည်းအဝေး (Ministerial Meeting) တို့အပြင် သက်ဆိုင်ရာ ဘာသာရပ်အလိုက် အသိပညာရှင်၊ အတတ်ပညာရှင်များက ဦးဆောင်ဆွေးနွေးသူများအဖြစ် ပါဝင်ဆောင်ရွက်သော ဆွေးနွေးပွဲများကိုလည်း တစ်ပါတည်း ထည့်သွင်း ကျင်းပခြင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ အစိုးရကိုယ်စားလှယ်များ၊ ပုဂ္ဂလိက ကဏ္ဍအသီးသီးမှ ကိုယ်စားလှယ်များနှင့် ဘာသာရပ်ပိုင်းဆိုင်ရာ စိတ်ပါဝင်စားသူများစွာ ပါဝင်တက်ရောက်လျက်ရှိ​နေသည်။

(၁၀) ကြိမ်မြောက် ကမ္ဘာ့ရေဖိုရမ် ဖွင့်ပွဲအခမ်းအနားကို မေ လ (၂၀) ရက်၊ နံနက်ပိုင်းတွင် ဘာလီမြို့၊ ဘာလီအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာတွင် ပြုလုပ်ခဲ့ပြီး အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို က တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ 

ယင်းဖွင့်ပွဲအခမ်းအနားသို့ သီရိလင်္ကာနိုင်ငံ သမ္မတ Ranil Wickremesinghe၊ ဖီဂျီနိုင်ငံ သမ္မတ Ratu Wiliame Maivalili Katonivere၊ တာဂျစ်ကစ္စတန် နိုင်ငံ ဝန်ကြီးချုပ် Qohir Rasulzoda၊ မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် Dato Sri Haji Fadillah Bin Haji Yusof နှင့် ပါပူဝါနယူးဂီနီနိုင်ငံ ဒုတိယဝန်ကြီးချုပ် John Rosso စသည့် နိုင်ငံ့အ ကြီးအကဲ နှင့် အစိုးရအဖွဲ့ဝင် အကြီးအကဲများနှင့် ကမ္ဘာ့ရေကောင်စီ ဥက္ကဋ္ဌ Loic Fauchon၊ ကုလသမဂ္ဂ အထွေထွေညီလာခံဥက္ကဋ္ဌ Dennis Francis တို့လည်း ပါဝင်တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here