ASEAN Mitsubishi Electric Cup 2024 ပြိုင်ပွဲ မြန်မာအသင်း အုပ်စု(ခ)တွင် ကျရောက်

0
442

ASEAN Mitsubishi Electric Cup 2024 ပြိုင်ပွဲအတွက် မြန်မာအသင်းအနေဖြင့် အုပ်စု(ခ)တွင် ကျရောက်နေပြီး ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ လာအိုအသင်းတို့ဖြင့် ယှဉ် ပြိုင်ကစားသွားရမည်ဖြစ်သည်။

ယနေ့ မေ(၂၁)ရက် မြန်မာစံတော်ချိန်မွန်းလွဲ (၁)နာရီအချိန်တွင် အာဆီယံချန်ပီယံရှစ် ၂၀၂၄ အုပ်စု မဲခွဲပွဲ အခမ်းအနားကို ကျင်းပခဲ့ရာမှ ယင်း ရလဒ်ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

အုပ်စုခွဲမှုအရ မြန်မာအသင်းသည် အုပ်စု(ခ)တွင် ဗီယက်နမ် ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ လာအိုအသင်းတို့ဖြင့် တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စု(က) တွင် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း/အရှေ့တီမော အသင်းတို့ တစ်အုပ်စုတည်းကျရောက်ခဲ့ခြင်းဖြစ်သည်။

ASEAN Mitsubishi Electric Cup 2024 ပြိုင်ပွဲအား ယခုနှစ် နိုဝင်ဘာ (၂၃)ရက်မှ  ဒီဇင်ဘာ (၂၁)ရက်‌အထိ တစ်လကြာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here