စင်ကာပူလေကြောင်လိုင်းလေယာဉ်တစ်စင်း ပျံသန်းနေစဉ် ပြင်းပြင်းထန်ထန် တုန်ခါမှုဖြစ်ခဲ့တာကြောင့် တစ်ဦး ဆုံး ပါးကာ အများအပြား ဒဏ်ရာရ

0
897

လန်ဒန်ကနေ စင်ကာပူကို ပျံသန်းလာတဲ့ စင်ကာပူလေကြောင်းလိုင်း လေယာဉ်တစ်စင်းဟာ ပြင်းထန်တုန်ခါမှုဖြစ်ပေါ်ခဲ့တာကြောင့် လူတစ်ဦး​ေ-သဆုံးခဲ့တယ်လို့ လေကြောင်းလိုင်းက အင်္ဂါနေ့(မေ ၂၁) မှာ ပြောဆိုပါတယ်။

ယင်းဖြစ်စဉ်ကြောင့် လေယာဉ်ဟာ ဘန်ကောက်မှာ အရေးပေါ်ဆင်းသက်မှုလုပ်ခဲ့ရတယ်လို့ စင်ကာပူလေကြောင်းလိုင်း ဖေ့ဘုတ်စ်ပေ့ချ်မှာ ဖော်ပြခဲ့ပါတယ်။ ဖြစ်စဉ်အတွင်း လူများစွာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လေကြောင်းလိုင်းက ပြောဆိုပေမယ့် အရေအတွက်ဘယ်လောက်များတယ်ဆိုတာတော့ တိတိကျကျ မပြောခဲ့ပါဘူး။ လေယာဉ်ပေါ်မှာ ခရီးသည် ၂၁၁ ဦးနဲ့ လေယာဉ်အမှုထမ်း ၁၈ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

လေယာဉ်ဟာ ဒေသစံတော်ချိန် ညနေ ၃း၄၅ နာရီမှာ ဘန်ကောက်ရှိ သုဝဏ္ဏဘူမိကို ဆင်းသက်ခဲ့တယ်လို့ သိရပါတယ်။

“လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ အကူအညီတွေ ထောက်ပံ့နိုင်ဖို့ရာ ထိုင်းနိုင်ငံရှိ ဒေသအာဏာပိုင်တွေနဲ့ ကျွန်တော်တို့ လက်တွဲဆောင်ရွက်နေပါတယ်။ နောက်ထပ် လိုအပ်တဲ့ အကူအညီတွေပေးနိုင်ဖို့အတွက်လည်း ဘန်ကောက်ကို အဖွဲ့တစ်ဖွဲ့ စေလွှတ်ထားပါတယ်” လို့ လေကြောင်းလိုင်းက ဖေ့စ်ဘုတ်ပေ့ချ်မှာ ပြောဆိုခဲ့ပါတယ်။

လေယာဉ်တုန်ခါမှုဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ လတ်တလောသတင်းတွေမှာ ဖော်ပြခဲ့ခြင်း မရှိသေးပါဘူး။

Ref: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here