အစ္စရေး ၀န်ကြီးချုပ်အား ဖမ်းဆီးရန် တောင်းဆိုမှုကို အီးယူ ထိပ်တန်း သံတမန် တုံ့ပြန်

0
365

“ICC ဥပဒေကို လက်ခံ အတည်ပြု သဘောတူညီထားတဲ့ နိုင်ငံအားလုံးဟာ တရားရုံးရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာရမှာ ဖြစ်ပါတယ်” ဟု အီးယူ ထိပ်တန်း သံတမန်က ပြောကြားခဲ့သည်။

အစ္စရေး ၀န်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု၊ ကာကွယ်ရေးဝန်ကြီး ယို့ဗ်ဂဲလန့်နှင့် ဟားမတ်စ်ခေါင်းဆောင် သုံးဦးတို့အား ဖမ်းဝရမ်းထုတ်ရန် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး(ICC)သို့ တောင်းဆိုမှုအပေါ် အီးယူ ထိပ်တန်းသံတမန် ဂျိုးဆက်ဘောရဲလ် က ICC အဖွဲ့ဝင်နိုင်ငံအားလုံးအနေဖြင့် ၎င်း၏ ဆုံးဖြတ်ချက်များကို လိုက်နာသင့်သည်ဟု ပြောကြားခဲ့သည်။

” ICC အစိုးရရှေ့နေရဲ့ လျှောက်ထားချက်ကို ကျွန်တော် သတိပြုမိပါတယ်” ဟု သူက X တွင် ပြောကြားခဲ့သည်။ “ICC ဥပဒေကို လက်ခံ အတည်ပြု သဘောတူညီထားတဲ့ နိုင်ငံအားလုံးဟာ တရားရုံးရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာရမှာ ဖြစ်ပါတယ်”ဟုလည်း သူကဆိုထားသည်။

“လွတ်လပ်သော နိုင်ငံတကာအဖွဲ့အစည်းတစ်ခုအနေဖြင့် ICC ၏လုပ်ပိုင်ခွင့်မှာ နိုင်ငံတကာဥပဒေအရ အဆိုးရွားဆုံးသောရာဇ၀တ်မှုများကို တရားစွဲဆိုရန်ဖြစ်သည်” ဟု ဘောရဲလ် က ဆက်လက်ပြောကြားခဲ့သည်။

ဂျိုးဆက်ဘောရဲလ်သည် ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးနှင့် လုံခြုံရေး မူဝါဒဆိုင်ရာ အဆင့်မြင့် သံတမန်ဖြစ်သည်။

အစ္စရေး ၀န်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် အစ္စရေး ကာကွယ်ရေးဝန်ကြီး ယိုဗ်ဂဲလန့်တိုအပြင် ဟားမတ်စ်ခေါင်းဆောင် ၃ဦး တို့ကို ဖမ်းဝရမ်းထုတ်ရန် ICC တရားလိုရှေ့နေ ကာရင်ခန်း က မေလ ၂၀ ရက်နေ့က ICC ကို တောင်းဆိုလိုက်သည်။ လက်ရှိ ခိုင်မာသော အထောက်အထားများအပေါ် အခြေခံ၍ တရားစွဲဆိုမှုတွင် နေတန်ယာဟုနှင့် ဂဲလန့် တိုသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့မှစတင်၍ ဂါဇာတွင်ကျူးလွန်ခဲ့သော စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် တာဝန်ရှိသည်ဟု ယုံကြည်ရန် ကျိုးကြောင်းဆီလျော်သော အကြောင်းပြချက်ရှိကြောင်း ကာရင်ခန်းက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here