မြက်ခင်းပြင်ဘောလုံးကွင်းနှင့် ကစားသမား တစ်သားတည်းကျခြင်းကိုတင်စားသည့်အခမ်းအနား ကျင်းပ

0
151

ယနေ့ မေ(၁၅)ရက်၌ ကျရောက်သည့် GRASSROOTS FOOTBALL DAY 2024 အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်း အားကစားကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်း အနားအား မြန်မာနိုင်ငံတွင်သာမက အာရှနိုင်ငံအသီးသီးတွ င် နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိပြီး မြက်ခင်းပြင်ဘောလုံးကွင်းနှင့် ကစားသမား တစ်သားတည်ကျနေသည်ဆိုခြင်းကို တင်စားထားသည့်‌နေ့ ဖြစ်ကြောင်း သိရသည်။

ယနေ့ အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တာဝန်ရှိသူများက ကွင်းအတွင်းဘောလုံးများ ကန်သွင်းကာ AFC GRASSROOTS FOOTBALL DAY 2024 အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် နည်းပြဆရာများက အခြေခံ ပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများကို အခြေခံဘောလုံးပညာများသင်ကြားပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here