ကျုး ကျော်မှုကို ဆက်လုပ်နေလျှင် အပစ်အခတ်ရပ်စဲရေးရှိလာမည်မဟုတ်ဟု ဟားမတ်စ်သတိပေး

0
60

ရာဖာ၌ ဆက်လက်၍ ကျုးကျော်မှုများက်ု လုပ်ဆောင်နေပါက အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်သည် ရှိမလာနိုင်ကြောင်း ဟားမတ်စ်က ပြောကြားခဲ့သည်။

“အစ္စရေးအနေနဲ့ ရာဖာမှာဆက်ပြီးကျုးေကျာ် နေမယ်ဆိုရင် ဒီကျုးေကျာ်မှု ဟာ စိတ်ကျေနပ်စရာဖြစ်လာမှာမဟုတ်ဘူးဆိုတာ ကျွန်နော်တို့ ေပြာလိုပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်နှင့် အီဂျစ်နိုင်ငံတောင်ပိုင်းကြား အဓိကနယ်စပ်နေရာကို အစ္စရေးတပ်ဖွဲ့များက အင်္ဂါနေ့အစောပိုင်းကသိမ်းပိုက်ခဲ့ပြီး အငတ်ဘေးကြုံနေရပြီဖြစ်သော ပါလက်စတိုင်းနယ်မြေအတွင်းသို့ အရေးပါသည့်အကူအညီပေးရေးလမ်းကြောင်းကိုလည်း အင်္ဂါနေ့အစောပိုင်းကပိတ်ပစ်ခဲ့ကြောင်းသိရသည်။

ယမန်နှစ် အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့က စတင်တိုက်ခိုက်ရာမှ ဖြစ်ပေါ်ခဲ့သည့်ယခုစစ်ပွဲ၌ လူပေါင်း ၁,၁၇၀ ခန့်သေဆုံးခဲ့ကြောင်း အစ္စရေး တာဝန်ရှိသူများကပြောကြားခဲ့သည်။

ယင်းသို တိုက်ခိုက်မှုများအပေါ် အစ္စရေး၏လက်တုန့်ပြန်တိုက်ခိုက်မှုကြောင့်လည်း ဂါဇာ၌ လူပေါင်းသုံးသောင်းကျော်ထက်မနည်းသေဆုံးခဲ့ကာ အများစုသည် အမျိုးသမီးများနှင့်ကလေးငယ်များဖြစ်ကြောင်း ဟားမတ်စ်ထိန်းချုပ်နယ်မြေရှိ ကျန်းမာရေးဝန်ကြီးဌာန၏ပြောကြားချက်အရသိရသည်။

အစ္စရေး၏ လက်တုန့်ပြန်မှုကြောင့် ပါလက်စတိုင်းလိုလားသူများ၏ ဆန္ဒပြမှုများလည်း ပျံ့နှံ့လာခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ၏ ဖြိုခွင်းမှုများကြောင့် လူပေါင်းထောင်ချီ၍ ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here