မန္တလေးမြို့ ဈေးအတွင်း ဆိုင်ကယ်ဖြင့် လာအလှူခံသည့် သင်္ကန်းဝတ် ပုဂ္ဂိုလ်များကို စစ်ဆေး​နေ

0
66

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးရတနာဈေးအတွင်း ဆိုင်ကယ်ဖြင့် လာရောက် အလှူခံသည့် သင်္ကန်းဝတ် ပုဂ္ဂိုလ်များကို စစ်ဆေးကာ ဆိုင်ကယ်စီး ဆွမ်းခံမလာရန်၊ ဈေးရောင်း/ ဈေးဝယ်သူများထံ ပိုက်ဆံ အလှူမခံရန် ဆုံးမခဲ့ကြောင်း မြို့နယ်သာသနာတော်ထိန်းသိမ်းရေးအဖွဲ့မှ သိရသည်။

ယနေ့ မေ (၉)ရက် နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ရပ်ကွက်၊ သင်္ဂဇာချောင်းဘေးရှိ ချမ်းအေးရတနာဈေးအတွင်း ဆိုင်ကယ်ကိုယ်တိုင်စီး၍ လာရောက်အလှူခံသည့် သင်္ကန်းဝတ်ပုဂ္ဂိုလ်များကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။

သာသနာတော်သန့်ရှင်းရေး လိုလားသူများ၏ တိုင်ကြားချက်အရ ချမ်းအေးသာစံမြို့နယ် သံဃနာယကအဖွဲ့ ဆရာတော်များ အပါအဝင် မြို့နယ်သာထိန်းအဖွဲ့ ဆရာတော်များ ကြွရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆွမ်းခံလာရောက်သူ အများစုမှာ စစ်ကိုင်း မီးရထားကွက်သစ်၊ ဇေယျာကွက်သစ်ရပ်ကွက်များမှ ဖြစ်ကြောင်း သိရပြီး ဆိုင်ကယ်ကိုယ်တိုင်စီးသူ၊ ဆိုကယ်ကယ်ရီကို တစ်ပါးလျှင် အသွားအပြန်(၇၀၀၀)ကျပ်၊ နှစ်ပါးစီးလျှင် (၁၄၀၀၀)ကျပ်ဖြင့် ငှားစီးလာကြကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

အဆိုပါ ပုဂ္ဂိုလ်များမှာ ငယ်ဖြူ ပုဂ္ဂိုလ်များ မဟုတ်ကြဘဲ စကောစကအရွယ်မှ သင်္ကန်းဝတ်လာကြကာ သင်္ကန်းဝတ်ထားကြသည်မှာလည်း (၃)နှစ်မျှသာ ရှိသေးကြောင်း စစ် ဆေးတွေ့ရှိချက်အရ သိရသည်။

မြို့နယ်သာသနာတော်ထိန်းသိမ်းရေးအဖွဲ့ ဆရာတော်များက ၎င်းတို့ကို ဈေးထဲသို့ ဆိုင်ကယ်စီး ဆွမ်းခံမလာရန်၊ဈေးရောင်း/ ဈေးဝယ်သူများထံ ပိုက်ဆံ အလှူမခံရန်နှင့် ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက လုပ်ထုံးလုပ်နည်း ဥပဒေအတို င်း အရေးယူခံရမည် ဖြစ်ကြောင်း ဩဝါဒပေး၊ မှတ်တမ်းများယူကာ အပြစ်ပေးဆုံးမပြီး နေထိုင်ရာအရပ်များသို့ ပြန် စေခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here