ထိုင်း – မြန်မာနယ်စပ် ကော့သောင်းမှ ရနောင်းသို့ ဖြတ်သန်းဝင်ရောက်သူ ရာနှင့်ချီရှိနေဟုဆို

0
54

ထိုင်း – မြန်မာ နယ်စပ် ကော့သောင်းမြို့မှ ရနောင်းမြို့ဘက်သို့ ဝင်ရောက်သူ ရာနှင့်ချီရှိနေသည့်အနက် ဒေသခံပြည်သူများ သွားလာမှု ပိုမိုများပြားကြောင်း ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လက်ရှိတွင် ကော့သောင်းမြို့မှ ထိုင်းနိုင်ငံ၊ ရနှောင်းမြို့သို့သွားလာပါက UID စာရွက်ပြသနိုင်သည့်သူများသာ နယ်စပ်ဖြတ်သန်းသွားလာခွင့်ပြုထားပြီး မြန်မာနိုင်ငံဘက်မှ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ထုတ်ပေးရေးရုံး၊ မြွေကျွန်းနှင့် ထိုင်းနိုင်ငံဘက်တွင် ထိုင်းစစ်တပ်ဂိတ်နှင့် ပါနန် လဝကဂိတ်တို့တွင် တစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်များအား စစ်ဆေးခံယူပြီးမှသာ သွားလာခွင့်ရရှိကြောင်း သိရသည်။

“ရနောင်းဘက်ကို သွားမယ့်သူ ရာချီရှိတယ်။ ဧည့်သည်ရော ၊ ဒေသက လူတွေရောပေါ့။ များသောအားဖြင့်က ဒေသခံတွေများပါတယ်။ UID ကဒ်ပါမှ ဖြတ်ခွင့်ပြုတယ်။ မှတ်ပုံ တင်မူရင်းရယ် UID ကတ်ရယ်ပေါ့။ လာမယ့် ဧည့်သည်တွေအနေနဲ့လည်း ဒီလို ခရီးသွားလာရခက်ခဲတဲ့ အချိန်မှာ ကော့သောင်းမြို့ကို ရောက်လာပြီးမှ နယ်စပ်ဖြတ်သန်းခွင့်မရဘူးဖြစ် သွားလိမ့်မယ်။ အခုမေလ (၁) ရက်နေ့ကစပြီး စမတ်ကတ်စတင်စစ်ဆေးနေပြီ’’ ဟု ကော့သောင်းမြို့ ခံတစ်ဦးက ပြောသည်။

နယ်စပ်ဖြတ်သန်းသွားလာမည့်သူများမှာ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့်အတူ UID စာရွက်ပါမှသာ TBP ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်၊ BP ( Border Pass ) နယ်စပ်ဖြတ်သန်းခွင့်စာအုပ်များ ထုတ်ပေးပြီး ရနှောင်းမြို့အတွင်း မိုင်(၂၀ ) အတွင်းထက်ကျော်၍ သွားလာလည် ပတ်ခွင့်မပြုကြောင်း သိရသည်။

မြန်မာနိုင်ငံတောင်ပိုင်း ၊ ကော့သောင်းမြို့နှင့် ထိုင်းနိုင်ငံ၊ ရနောင်းမြို့သည် စီးပွားရေး၊ လူမှုရေး ဆက်သွယ်ဆောင်ရွက်နေမှုများရှိနေပြီး ၊ ဒေသခံများနှင့်စီးပွားရေးလုပ်ငန်းရှင်များ အဓိကအားထားသွား လာနေရသည့် နယ်စပ်ဂိတ်တစ်ခုဖြစ် သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here