ရေနံချောင်းနှင့် မကွေးမြို့အကြားတွင် နှစ်ရှည်အရိပ်ရအပင် တစ်သောင်း စိုက်ပျိုးမည်

0
50

အညာဒေသ ရေနံချောင်းမြို့နှင့် မကွေးမြို့အကြား နှစ်ရှည်အရိပ်ရပင် တစ်သောင်းအား လာမည့် မိုးရာသီမတိုင်မီ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ယင်းအစီအစဉ်ကို စီစဉ်သည့် ရေနံ့သာဒင်းဂါးက ပေါ်ပြူလာနယူးစ်အား  ပြောသည်။

စိုက်ပျိုးသွားမည့် အရိပ်ရပင်များမှာ ကုက္ကိုပင် ၊ တမာပင်၊ ဖျောက်ဆိပ်ပင်နှင့် ညောင်ခြေထောက်ပင်များကို စိုက်ပျိုးသွားမည်ဖြစ်သည့်အပြင် ရေနံချောင်းမြို့ မြို့ရှောင်လမ်းတွ င် ရှိသော ပရဟိတဥယျာဉ်အတွင်းတွင်လည်း ထည့်သွင်းစိုက်ပျိုးသွားမည်ဖြစ်သည်။

“စိုက်မှာက ရေနံချောင်းနဲ့ မကွေးကြားက လမ်းမ တစ်ဖက်တချက်ဆီမှာစိုက်မယ်။ အခု စိုက်မယ့်အပင်တွေက အရိပ်ရအပင်တွေ ချည်းပါပဲ။ တစ်သောင်းစိုက်ရင် တစ်သောင်းလုံး ရှင်အောင်စိုက်မယ်။ ရေထိန်း လျှိုပိတ်ကန်တွေနဲ့ သစ် ပင်ကျင်း တသောင်းကျော်တူးဖော်နေပြီ။ အပင်စိုက်ရတာလွယ်ပေမယ့် အပင် ရေရှည်ရှင်သန်အောင်ထိန်းသိမ်းတတ်ဖို့လည်း အဓိကကျပါတယ်။ အပင်စိုက်ပြီးရုံနဲ့ မပြီးဘူး ဆက်ပြီး ရှင်သန်အောင်လုပ်ဖို့လည်း လိုပါတယ်။ အခုက အပင်စိုက်တဲ့ အဖွဲ့တွေကများပြီး ရှင်သန်ဖို့လုပ်နိုင်သူက နည်းနေတယ်”ဟု  ၎င်းက ဆိုသည်။

ထို့ပြင် ပရဟိတဥယျာဉ်အတွင်း စိုက်ပျိုးထားသော အပင်များအား တောမီး၊ ရှို့မီးနှင့် တိရိစ္ဆာန်များ အန္တရာယ်မှကင်းဝေးစေရန် ဥယျာဉ်အတွင်း အပင်ထိန်းသိမ်းစောင့်ရှောက်မည့် မိသားစုဝင်များကို ထောက်ပံ့စရိတ်ပေးအပ်ကာ ခေါ်ယူလျက်ရှိကြောင်း သိရသည်။

ရေနံ့သာဒင်းဂါးအဖွဲ့သည် အချိန်အထိ အညာဒေသအတွင်း အရိပ်ရအပင် သုံးသောင်းကျော်အပါအဝင် ရေကန်တူးဖော်ခြင်း၊ ဇရပ်ဆောက် လုပ်ခြင်းနှင့် ရေချမ်းစင်တည် ဆောက်ခြင်းများကို လုပ်ဆောင်ပေးလျက်ရှိသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သ ည်။

ဓာတ်ပုံ – ရေနံ့သာဒင်းဂါး ဖေ့စ်ဘွတ်


LEAVE A REPLY

Please enter your comment!
Please enter your name here