ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးရှိ စက်သုံးဆီအရောင်းဆိုင်များကို ရှောင်တခင်ဝင်ရောက်စစ်ဆေး

0
169

စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ရုံးချုပ်မှ တာဝန်ရှိသူများပါဝင်သည့် စစ်ဆေးရေးအဖွဲ့များသည် ရန်ကုန်တိုင်းအပါအဝင် နေပြည် တော်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များကို  ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းပူးပေါင်းအဖွဲ့များသည် မေလ (၈) ရက်တွင် စက်သုံးဆီအရောင်းဆိုင်များ သတ်မှတ်ချက်များနှင့်အညီ စက်သုံးဆီဖြန့်ဖြူးရောင်းချခြင်း ရှိ/ မရှိအား ရှောင်တခင်စစ်ဆေးခဲ့ခြ င်းဖြစ်သည်။

ထိုသို့ ရှောင်တခင်စစ်ဆေးစဉ် ခွင့်ပြုထုတ်ပေးသည့် စက်သုံးဆီအမျိုးအစားနှင့် ပမာဏများအတိုင်း အရောင်းဆိုင်သို့အမှန်ရောက်ရှိခြင်း ရှိ/ မရှိ၊ သတ်မှတ်အရည်အသွေးနှင့် အခြင်အတွယ် ကိုက်ညီမှန်ကန်မှု ရှိ/ မရှိ၊ ရည်ညွှန်းဈေးနှု န်းများအတိုင်း ရောင်းချခြင်း ရှိ/ မရှိ၊ သတ်မှတ်ညွှန်ကြား ချက်များနှင့်အညီ စနစ်တကျရောင်းချခြင်း ရှိ/ မရှိ၊မီးဘေး အန္တရာယ် ကာကွယ်ရေးကိစ္စရပ်များ ကြိုတင်ဆောင်ရွက်ထားခြင်း ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

အလားတူ ရှောင်တခင်စစ်ဆေးမှုများအား မကြာခဏဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here