လေလံကုန်သေတ္တာ (၅၁) လုံးအတွင်းရှိ ပစ္စည်းများကို လေ လံတင်ထုခွဲရောင်းချမည်

0
67

MIP, AWPT & HPT ဆိပ်ကမ်းများရှိ တစ်နှစ်ကျော် လေလံကုန်သေတ္တာ (၅၁) လုံးအတွင်းရှိ ပစ္စည်းများကို လေလံတင်ထုခွဲရောင်းချမည်ဖြစ်ကြောင်း လေလံတင်ထုခွဲရောင်းချရေးကော်မတီမှ အသိပေးကြေညာထားသည်။

ယင်း လေလံကုန်သေတ္တာ (၅၁) လုံးအတွင်းရှိ CLEAR FLO AT GLASS, GALVANIZED IRON WIRE , MACHINERY, ANDACCESSORIES ,BRAND NEW SANITRAY WARE AND ACCESSORIES ALUMINATE မီးခံဘိလပ်မြေအိတ်၊ REFRACTORY BRICKS (မီးခံအုတ်) & PLOYESTER RING SPUN SEWING TREAD စသည့် ကုန်ပစ္စည်းများအား လက်ရှိမျက်မြင်အခြေအနေအတိုင်း မေလ (၃၀)ရက် နေ့လည် (၁) နာရီတွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လေလံတင်ထုခွဲရောင်းချမည်ဖြစ်သည်။

ထို့ပြင် တင်ဒါပုံစံနှင့် တင်ဒါစည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဗဟိုပစ္စည်းထိန်းဌာန၊ ကမ်းနားလမ်း (ဗိုလ်တထောင်ဘုရား၊ အနောက်ဘက် ၊ ကွန်ကရစ်လမ်း၊ Toll Gate အနီး) ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့တွင် မေ လ (၁၀) ရက်မှ (၂၈) ရက်အထိ ရုံးဖွင့်ရက်/ရုံးချိန်အတွင်း ဆက်သွယ်ဝယ်ယူနိုင်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်း – ၀၉-၄၂၀၀၂၈၅၈၆ သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်း အ သိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here