မြန်မာနှင့် ပါကစ္စတန်နှစ်နိုင်ငံအကြား အပြန်အလှန် အကျိုး ဖြစ်ထွန်းစေမည့် ကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆွေးနွေး

0
351

မြန်မာနှင့် ပါကစ္စတန် နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုး ဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနို င်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့် မစ္စတာအင်မရန် ဟိုက်ဒါသည် မေ လ (၈)ရက်၊ နေ့လယ် (၁)နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြား ရေးဝန်ကြီးဌာနသို့ သွားရောက်ကာ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေအားတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန် ကြီးက သံအမတ်ကြီးအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရ သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာ – ပါကစ္စတန် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်း နှီးသော ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံအ ကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်း အပါအဝင် အပြန်အလှန်အ ကျိုး ဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here