မြန်မာ့လက်ဝှေ့ အကျော်မော် သွေးသစ်ဝင်းလှိုင် One Friday Fight တွင် ဝင်ရောက်ထိုးသ-တ်ရန် လေ့ကျင့်ပြင်ဆင်နေ

0
32

မြန်မာ့လက်ဝှေ့အကျော်အမော် သွေးသစ်ဝင်းလှိုင်အနေဖြင့် ONE Championship က ကျင်းပပြုလုပ်သည့် One Friday Fightပွဲစဉ်များတွင် ပါဝင်ထိုးသ-တ်ရန် ရှိနေပြီး လက်ရှိတွင် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

သွေးသစ်ဝင်းလှိုင် အနေဖြင့် လာမည့် ဇွန်လတွင် One Championship ၌ ယှဉ်ပြိုင်ထိုးသတ်သွားရန်ရှိ စာချုပ်ချုပ်ဆိုထားပြီးဖြစ်သည်ဟု သွေးသစ်ဝင်းလှိုင်နှင့် နီးစပ်သူများထံက သိရသည်။

“မြန်မာပြည် ထိပ်တန်းချန်ပီယံ သွေးသစ်ဝင်းလှိုင်ကို လာမည့် ခြောက်လပိုင်းထဲ One မှာ တွေ့ရဖို့ရှိနေပါတယ်။ အရမ်းကောင်းတဲ့ သတင်းလေးတစ်ခုပါပဲ”ဟု ရိုးရာလက်ဝှေ့ပွဲများနှင့် ပတ်သက်၍ လေ့လာသုံးသပ်သူ ကိုသားကြီးကလည်း ပြောကြားထားသည်။

သွေးသစ်ဝင်းလှိုင်အနေဖြင့် လာမည့် (၆) လပိုင်းတွင် ကျင်းပမည့် One Friday Fight ပွဲစဉ်တစ်ခု၌ ပါဝင်ထိုးသ- တ်ရန် စာချုပ်ချုပ်ဆိုထားပြီးဖြစ်ကြောင်း သတင်းထွက်နေသော်လည်း အဆိုပါ ပွဲစဉ်နှင့် တွဲဆိုင်းအခြေအနေများကို One Championship ဘက်မှ တရားဝင်ထုတ်ပြန်ကြေညာခြင်းမျိုးကို မတွေ့ရသေးပေ။

သွေးသစ်ဝင်းလှိုင်အပြင် မန္တလေးသား မြန်မာ့လက်ဝှေ့ဖိုက်တာ ကျော်စွာဝင်းလည်း One Championship တွင် ဝင်ရောက် ထိုးသ-တ်ရန် ပြင်ဆင်နေကြောင်း သတင်းထွက်ပေါ်နေပြီး မြန်မာပရိသတ်များအနေဖြင့် ၎င်းတို့၏ ပွဲစဉ်များကို အားပေးရန် စောင့်မျှော်လျက် ရှိနေခြင်း ဖြစ်သည်။

မြန်မာ့လက်ဝှေ့ အကျော်အမော်တစ်ဦး ဖြစ်သည့် သံမဏိစိုးလင်းဦး၏ One Championship တွင် အောင်ပွဲခံနိုင်ခဲ့မှု၏ နောက်ပိုင်းတွင် ယခု မြန်မာ့ထိပ်တန်း လက်ဝှေ့အကျော်အမော်(၂) ဦး၏ ခြေလှမ်းပြင်ဆင်မှုသည် မြန်မာပရိသတ်၏ One အပေါ် စိတ်ဝင်စားမှုကို ပြန်လည်မြင့်တက်လာစေမည့် အနေအထားလည်း ဖြစ်သည်။

သံမဏိ စိုးလင်းဦးသည် ONE Friday Fight ပြိုင်ပွဲ (၂) ပွဲတွင် ပြိုင်ဘက်ကစားသမားများကို အလဲထိုးဖြင့်အနိုင်ယူထားပြီး အောင်မြင်မှုရယူထားနိုင်သည့် အနေအထားလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here