စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက် အဆောက်အအုံများ လှူဒါန်းနိုင်

0
224

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက် အဆောက်အအုံများ လှူဒါန်းနိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

နိုင်ငံတော် အစိုးရမှ ပြည်သူများ အသိပညာ ဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာစောင်များ အလွယ်တကူဖတ်ရှုလေ့လာနိုင်စေရန် နိုင်ငံတစ်ဝန်းဖွင့်လှစ်ထားရှိသည့် စာကြည့်တိုက်များအတွက် ရန်ပုံငွေနှင့် စာအုပ်စာစောင်များ ထောက်ပံ့ကူညီပေးလျက်ရှိပြီး စေတနာရှင်အလှူရှင်များသည်လည်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ယခုအခါ ပြည်သူများ စာပေဖတ်ရှုလေ့လာစေရေးနှင့် စာအုပ်စာစောင်များကို လက်လှမ်းမီထားရှိပေးနိုင်ရေးအတွက် စာကြည့်တိုက်အဆောက်အအုံ လိုအပ်နေသောနေရာများတွင် ဆောက်လုပ်လှူဒါန်းပေးသွားမည်ဖြစ်ရာ “ပညာဒါ န” အလှူအဖြစ် လှူဒါန်းလိုပါက စာကြည့်တိုက် အဆောက်အအုံတစ်ခုလျှင် ကျပ်သိန်း(၁၅၀) ဖြင့် ဆောက်လုပ်လှူဒါန်းနိုင်ကြောင်း အသိပေးကြေညာထားသည်။

အလှူရှင်များအနေဖြင့် ပေးအပ်လှူဒါန်းလိုပါက ညွှန်ကြားရေးမှူး(ထုတ်လုပ်)ပြန်/ဆက် ဦးစီးဌာနဖုန်း ၀၁ ၃၇၁၃၄၂ / ၀၆၇၃၄၁၂၃၇၁ /၀၉၄၂၁၀၄၆၇၁၅၊ ညွှန်ကြားရေးမှူး(ပြန်ဆက်) ပြန်/ဆက် ဦးစီးဌာန ဖုန်း ၀၆၇၃၄၁၂၁၆၄၊ တိုင်းဒေသကြီး/ ပြည်နယ် ခရိုင်၊ မြို့နယ် ပြန်/ဆက်ဦးစီးဌာနရုံးများသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here