မွေးရာပါ နှလုံးရောဂါ ကလေးလူနာ (၁၆)ဦးကို ခွဲစိတ်စရာမလိုဘဲ အောင်မြင်စွာကုသပေးနိုင်ခဲ့  

0
338

ဂျပန်နိုင်ငံ Showa University Hospital Tokyo Prof.Hideshi Tomita နှင့် ခုတင် (၅၀၀)ဆံ့ ကလေးဆေးရုံကြီး (ရန်ကင်း)မှ ပါမောက္ခ ဒေါက်တာခင်မောင်ဦး (ကလေးနှလုံးအထူးကု) ဦးဆောင်သော ကလေးနှလုံးအထူးကု ဆရာဝန်များ ပူးပေါင်း၍ မွေးရာပါနှလုံးရောဂါ ကလေးလူနာ (၁၆) ဦးအား ခွဲစိတ်စရာမလိုဘဲ ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ရန်ကင်းကလေး ဆေးရုံကြီးရှိ နှလုံးဆေးကုသဆောင်၌ ဒုတိယအကြိမ်မြောက် နှလုံးကုသခြင်းကို မွေးရာပါ နှလုံးရောဂါ ကလေးလူနာများအား နှလုံးပိုက်သွင်း စမ်းသပ်ကုသမှု အတွေ့အကြုံများကို နှစ်ဖက်ဖလှယ်၍ ကုသပေးခဲ့ကြောင်း သိရသည်။ 

ထိုသို့ ကုသပေးရာတွင် ဂျပန်နိုင်ငံ Showa University Hospital Tokyo Prof.Hideshi Tomita နှင့် ခုတင်(၅၀၀)ဆံ့ ကလေးဆေးရုံကြီး(ရန်ကင်း)မှ ပါမောက္ခ ဒေါက်တာခင်မောင်ဦး(ကလေးနှလုံးအထူးကု) ဦးဆောင်သော ကလေးနှလုံးအထူးကု ဆရာဝန်များ ပူးပေါင်း၍ ကုသပေးခဲ့ခြင်းဖြစ်သ ည်။ 

ကုသပေးရာတွင် မွေးရာပါနှလုံးရောဂါ ကလေးလူနာများအား ခွဲစိတ်ရန်မလိုဘဲ နှလုံးပိုက်သွင်း စမ်းသပ်ကုသစက် (Cardiac Catheterization Laboratory) တွင် အဆို့ (Device) ဖြင့် ပိတ်၍ ကုသခြင်း၊ ဘောလုံး (Balloon) ဖြင့်ချဲ့၍ ကုသခြင်းများကို မြန်မာဆရာဝန်များနှင့် အတူ မေလ (၆) ရက်မှ မေလ(၇)ရက်အထိ ကလေးလူနာစုစုပေါင်း(၁၆)ဦးကို ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာ (၂၈) ရက်နှင့် (၂၉) ရက်ကလည်း ဂျပန်နိုင်ငံ Showa University Hospital Tokyo Pro. Hideshi Tomita ၊ ကလေးနှလုံးအထူးကုဆရာဝန် Dr.hisashi Sugiyama နှင့် ပါမောက္ခ ဒေါက်တာ ခင်မောင်ဦး ဦးဆောင်သော ကလေးနှလုံးအထူးကု ဆရာဝန်များ ပူးပေါင်း၍ မွေးရာပါ နှလုံးရောဂါ ကလေးလူနာ (၁၄) ဦးကို ပထမအကြိမ် အောင်မြင်စွာ ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here