သတ်မှတ်ချက်နှင့် မကိုက်ညီဟုဆိုကာ ဒီမိုကရေစီပါတီ၏ နိုင်ငံရေးပါတီမှတ်ပုံတင် လျှောက်ထားမှုကို UEC ငြင်းပယ်

0
106

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ (၄) ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိသည့်အတွက် ဒီမိုကရေစီပါတီ၏ နိုင်ငံရေးပါတီမှတ်ပုံတင် လျှောက်ထားမှုကို ငြင်းပယ်လိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ထားသည်။

နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ၎င်းတို့တည်ထောင်လိုသော ပါတီအမည်ကို ဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့်အဖွဲ့ (၁၅) ဖွဲ့ရှိကြောင်း သိရသည်။

ယင်းသို့လျှောက်ထားသည့် အဖွဲ့များအနက် (၁၂)ဖွဲ့ကို ပါတီကို တည်ထောင်ခွင့်ပြုခဲ့ပြီး (၁)ဖွဲ့ကို တည်ထောင်ခွင့် ငြင်းပယ်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် တည်ထောင်ခွင့်ပြုရန် ကျန်ရှိသည့် (၂)ဖွဲ့အနက် ဒီမိုကရေစီပါတီ၏ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာဝန် ကြီးဌာနများ၏ စီစစ်ပြန်ကြားချက်များအရ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ (၄) ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း တွေ့ရှိရပါသဖြင့် ၎င်းတို့၏ ပါတီတည်ထောင်ခွင့်လျှောက်ထားချက်ကို ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က မေလ (၇) ရက်တွင် ထပ်မံငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် လက်ရှိတွင် ပါတီ တီထောင်ခွင့် ငြင်းပယ်ခံရသည့်အဖွဲ့ (၂) ဖွဲ့ရှိနေပြီး ကျန်တစ်ဖွဲ့ကိုလည်း ဆက်လက် စီစစ်ဆောင်ရွက်လျက်ရှိကြောင်း UEC က ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here