ဗြိတိန်၏ ခြိမ်းချောက်မှုများ အကောင်အထည်ပေါ်လာပါက ဗြိတိန်စစ်ဖက်ဆိုင်ရာ အဆောက်အအုံများကို ရုရှားက တို-က်ခို-က်မည်ဟု ဆို

0
189

ယူကရိန်းတို့အနေဖြင့် ရုရှားပိုင်နက်နယ်မြေများအားတို-က်ခို-က်ရာတွင် ဗြိတိန်လ-က်န-က်များကို အသုံးပြုလာပါက ရုရှားဖက်မှလည်း ယူကရိန်းပိုင်နက်နယ်မြေအတွင်းရှိ ဗြိတိန်တို့၏ အဆောက်အအုံများနှင့် ယူကရိန်းနိုင်ငံပြင်ပရှိ ဗြိတိန်တို့၏ အဆောက်အအုံများကို ပြန်လည်တိုက်ခိုက်ပိုင်ခွင့်ရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် မာရီယာ ဇာခါရိုဗာက ပြောကြားလိုက်သည်။

“ဒီလိုကိစ္စမျိုးကို လက်တွေ့ အကောင်အထည် ဖော်လာမယ်ဆိုရင် ကျွန်မတို့ ရုရှားနိုင်ငံအနေနဲ့လဲ ယူကရိန်းနယ်နိမိတ်အတွင်းနဲ့ နယ်နိမိတ်ပြင်ပမှာ ရှိတဲ့ ဗြိတိန် အဆောက်အအုံတွေ၊ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေ၊ လက်နက်တွေနဲ့ အခြားအရာတွေကို ပ-စ်မှတ်အဖြစ် သတ်မှတ်ဖို့၊ ဖြစ်လာတဲ့ဖြစ်ရပ်နဲ့ လျော်ညီစွာ တုံ့ပြန်ပိုင်ခွင့်ရှိပါတယ်” ဟု ဇာခါရိုဗာက ပြောကြားခြင်းဖြစ်သည်။

ရုရှားပိုင်နက်ကို တိုက်ခိုက်ရန်အတွက် ဗြိတိန်လက်နက်များကို အသုံးပြုခြင်းသည် ယူကရိန်းအစိုးရအတွက် တရားဝင်သည်ဟု မိမိတို့ဖက်မှယူဆကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းက ရိုက်တာသတင်းဌာနနှင့် တွေ့ဆုံရာတွင် မှတ်ချက်ပြုခဲ့ခြင်းကို ပြန်လည်တုန့်ပြန်ပြောကြားလိုက်ခြင်းဖြစ်သည်။

ရုရှားနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး နီဂယ်လ်ကေစီကိုလည်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနသို့ တနင်္လာနေ့က ဆင့်ခေါ်ခဲ့ပြီး ကင်မရွန်း၏ မှတ်ချက်ပြုမှုကို ပြင်းထန်စွာကန့်ကွက်ကြောင်းပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here