ခေါင်းဆောင် သုံးဆက်လုံး တာဝန်ထမ်းဆောင်ခဲ့တဲ့ မြောက်ကိုရီးယား မူဝါဒ ​ရေးရာ အကြီးအကဲ ကွ-ယ်လွ-န်

0
214

မြောက်ကိုရီးယား အစိုးရအရာရှိတွေထဲ သက်တမ်းအရှည်ဆုံး တာဝန်ထမ်းဆောင်ခဲ့သူတွေထဲကတစ်ဦးဖြစ်တဲ့ မစ္စတာ ကင်ကီနမ် ကွ-ယ်လွ-န်သွားခဲ့ပြီလို့ နိုင်ငံရဲ့ တရားဝင် မီဒီယာက မေ ၈ ရက်မှာ ထုတ်ပြန်ပြောဆိုတယ်။

သူဟာ နိုင်ငံခေါင်းဆောင် မျိုးဆက်သုံးခုလုံးမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၎င်းတို့တွေရဲ့ နိုင်ငံရေးတရားဝင်မှုကို ခိုင်မာစေခဲ့ကာ မင်းဆက်နိုင်ငံရဲ့ ဝါဒဖြန့်ချိရေးယန္တရားကို ဦးဆောင်ခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ မေ ၈ ရက် မနက် ၂ နာရီမှာ မစ္စတာ ကင်ရဲ့ ရုပ်အလောင်းထားရှိရာကို သွားရောက်ကြည့်ရှု့ခဲ့ပြီး တိုင်းပြည်အပေါ် အဆုံးစွန်ထိ သစ္စာစောင့်သိခဲ့သော စစ်ပြန်တော်လှန်ရေးသမားတစ်ဦး ဆုံးရှုံးခဲ့ရမှုအတွက် အလွန်တရာ ဝမ်းနည်းကြေကွဲမှုဖြင့် ဂုဏ်ပြုစကားဆိုခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။

KCNA သတင်းဋ္ဌာနရဲ့ ဖော်ပြချက်အရ အသက် ၉၄ နှစ်အရွယ် မစ္စတာကင်ဟာ မေ ၇ ရက်က ကွ-ယ်လွ-န်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

သူဟာ ၁၉၄၅ ခုနှစ်မှာ နိုင်ငံကို တည်ထောင်ခဲ့တဲ့ တော်လှန်ရေးခေါင်းဆောင်တစ်ဦးရဲ့ သွေးသားကိုဆောင်ကျဉ်းကာ ၎င်းတို့ရဲ့ တရားဝင်မှုကို ခိုင်ခံ့စေခြင်းဖြင့် ကင်မျိုးဆက် သုံးဆက်ကို တည်တံ့ခိုင်မြဲစေရေး လုပ်ဆောင်ခဲ့သော သစ္စာရှိ အရာရှိများ အဓိကအစုအဖွဲ့မှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။

ဒါ့အပြင် မစ္စတာ ကင်ဟာ တောင်ကိုရီးယားနိုင်ငံကို သွားရောက်ခဲ့တဲ့ အနည်းစုသော မြောက်ကိုရီးယားအရာရှိတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ခဲ့ပြီး Sunshine ပေါ်လစီဖြင့် ပြုံယမ်းနဲ့ ပြန်လည်ပေါင်းစည်းရေး ခေတ်ကို ဖွင့်လှစ်ခဲ့သူ သမ္မတ ကင်ဒေးဂျုံ ကွ-ယ်လွ-န်ခဲ့ပြီးနောက် ဈာပန ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ သွားရောက်ခဲ့ခြင်းဖြစ်ပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here