ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေး ပစ္စည်းများ ထပ်မံပို့ဆောင်

0
56

အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြည်လည်ထူထောင်ရေး ပစ္စည်းများကို ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပို့ဆောင်ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ် မေ (၇)ရက်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှာယူသည့် စားသောက်ကုန်ပစ္စ ည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသုံးဆီ၊ ကျန်းမာရေးသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ပရိဘောဂများနှင့် ထင်းအစားထိုးလောင်စာများ အပါအဝင် စုစုပေါင်း တန်ချိန် (၁,၅၀၄.၄၃)အား ကုန်တင်ယာဉ်ဖြင့် The Myanmar Terminal (TMT) ဆိပ်ခံတံတားမှ စစ်တွေမြို့သို့ ထပ်မံပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ မေလအတွင်းက တိုက်ခတ်ခဲ့သည့် မိုခါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ပြည်နယ်တစ်ခုလုံးနီးပါးတွင် ပျက်စီးဆုံးရှုံးမှုများခဲ့သည့် ရခိုင်ပြည်နယ်သို့ နစက အစိုးရမှ ပြည်လည်ထူထောင်ရေး ပစ္စည်းများကို လက်ရှိအချိန်ထိ ပေးပို့လျက်ရှိနေခြင်းလည်း ဖြစ်သည်။

ထိုသို့ ပေးပို့လျက်ရှိရာတွင် ၂၀၂၃ ခုနှစ် မေ (၁၆)ရက်မှ လ က်ရှိ ၂၀၂၄ ခုနှစ် မေ (၈)ရက်အထိ ကူညီကယ်ဆယ်ရေး ပစ္စည်း စုစုပေါင်း (၆၇,၇၄၁.၉၂)တန်နှင့် ဒီဇယ် (၂၄၉,၇၆၂) ဂါလံ၊ Octane 92 (၁၉၉,၈၈၆)ဂါလံအား ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း နစက ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here