မြန်မာနေရှင်နယ်လိဂ် အုပ်စုပွဲစဉ်တစ်ခုအတွင်း ခိုက်ရန်ဖြစ် ပွားခဲ့သည့် ကစားသမား (၆)ဦးအား ပြစ်ဒဏ်များချမှတ်

0
168

မြန်မာနေရှင်နယ်လိဂ် ၂၀၂၄ အုပ်စုအဆင့် ပွဲစဉ်တစ်ခုအတွ င်း ခိုက်ရန်ဖြစ်ပွားခဲ့သည့် ကစားသမား (၆)ဦးအား မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ကျင့်ဝတ်နှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ပြစ်ဒဏ်များချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြစ်ဒဏ်ချမှတ်ခံရသည့် ကစားသမားများမှာ အား/ကာသိပ္ပံအသင်းမှ ကျောနံပါတ်(၁၀) ဝင်းပြည့်မောင်၊ ကျောနံပါတ်(၃) ဇင်ရဲနောင်နှင့် ကျောနံပါတ် (၇) သိန်းဇော်သီဟတို့ အပြင် သစ္စာအားမာန်အက်ဖ်စီအသင်းမှ ကျောနံပါတ်(၁၉) လင်းထက်ဦး၊ ကျောနံပါတ်(၂၃) သူရဇော်၊ ကျောနံပါတ် (၁၁) လှထွန်းတို့ (၆)ဦးအား အနီးစပ်ဆုံး ပွဲကစားခွင့်များနှင့် ဒဏ်ကြေးငွေများပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ် သည်။

MNL League Cup 2024 အုပ်စုပွဲစဉ်တစ်ပွဲဖြစ်သည့် သစ္စာအားမာန် FC နှင့် အား/ကာသိပ္ပံ FC အသင်းတို့ ပွဲစဉ်တွင် နှစ်ဖက်ကစားသမားများ ခိုက်ရန်ဖြစ်ပွားခဲ့သဖြင့် ယင်းပွဲစဉ်နှင့် ပတ်သက်၍ MFF ကျင့်ဝတ်နှင့် စည်းကမ်းထိန်းသိမ်းရေးမှ အရေးယူပြစ်ဒဏ်ချမှတ်မှုများပြုလုပ်ခဲ့ခြင်းဖြစ် သ ည်။

အား/ကာသိပ္ပံအသင်းမှ ကျောနံပါတ် (၁၀) ဝင်းပြည့်မောင်အနေဖြင့် ရန်ပွဲအားစတင်ဖြစ်ပွားရန် ပြုမူဆောင်ရွက်သဖြင့် MNL League Cup 2024 Regulations စည်းကမ်းထိန်း သိမ်းရေးမူ အပိုဒ်(၂) အရ အနီးစပ်ဆုံး နှစ်ပွဲ ပါဝင်ကစားခွင့်မပြုရန်နှင့် ဒဏ်ကြေးငွေ ကျပ်သုံးသိန်း (၃၀၀,၀၀၀/-) ပေးဆောင်ရန်၊ ကျောနံပါတ်(၃) ဇင်ရဲနောင်နှင့် ကျောနံပါတ် (၇) သိန်းဇော်သီဟတို့နှစ်ဦးအား MNL League Cup 2024 Regulations စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ်(၃)အရ အ နီးစပ်ဆုံး သုံးပွဲစီ ပါဝင်ကစားခွင့်မပြုရန်နှင့် ဒဏ်ကြေးငွေကျပ်လေးသိန်း (၄၀၀,၀၀၀/-)စီ ပေးဆောင်ရန်ချမှတ်ခဲ့သ ည်။

အလားတူ သစ္စာအားမာန်အသင်းမှ ကျောနံပါတ်(၁၉) လင်းထက်ဦးအား MNL League Cup 2024 Regulations စည်း ကမ်းထိန်းသိမ်းရေးမူ အပိုဒ်(၃)အရ အနီးစပ်ဆုံး သုံးပွဲပါဝင်ကစားခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေကျပ် လေးသိန်း (၄၀၀ ,၀၀၀/-) ပေးဆောင်ရန်၊ ကျောနံပါတ်(၂၃) သူရဇော်အား MNL League Cup 2024 Regulations စည်းကမ်းထိန်း သိမ်းရေးမူ အပိုဒ်(၃)အရ အနီးစပ်ဆုံး သုံးပွဲပါဝင်ကစားခွင့် မပြုရန် နှင့် ဒဏ်ကြေးငွေကျပ်လေးသိန်း (၄၀၀,၀၀၀)ပေးဆောင်ရန်ဆုံးဖြတ်ခဲ့သည်။

ထို့အပြင် သစ္စာအားမာန်အသင်းမှပင် ကျောနံပါတ်(၁၁) လှထွန်းသည် ဒိုင်လူ ကြီးမှ အနီကတ်ပြသည်ကို ထပ်မံ၍ ရန်မူလိုသည့်အမူအရာပြုလုပ်ခဲ့ခြင်းအတွက် MNL League Cup 2024 Regulations စည်းကမ်းထိန်းသိမ်းရေးမူ အပို ဒ်(၃) နှင့် အပိုဒ်(၁၈)အရ အနီးစပ်ဆုံး လေးပွဲပါဝင်ကစားခွင့်မပြုရန်နှင့် ဒဏ်ကြေးငွေကျပ် ငါးသိန်း (၅၀၀,၀၀၀/-)ပေးဆောင်ရန် အသီးသီး ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်အတွက် မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ် ကျ င့်ဝတ်နှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီအနေဖြင့် ယ မန်နေ့ မေလ (၆) ရက်၊ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သော အစ ည်းအဝေးတွင် ပွဲစဉ်တာဝန်ကျ ဒိုင်လူကြီးများအား ခေါ်ယူမေးမြန်းခြင်း၊  ပြိုင်ပွဲကြီးကြပ်နှင့် ဒိုင်လူကြီးများ၏ အစီရ င်ခံစာများကို အသေးစိတ်ဖတ်ရှုလေ့လာခြင်း၊ မှတ်တမ်းတင် ဗီဒီယိုဖိုင်များကို ကြည့်ရှု့လေ့လာခြင်းပြုခဲ့ပြီးနောက်အရေးယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here