(၃၂) ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုန်ဖိုရမ် ကျင်းပ

0
254

(၃၂) ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုန်ဖိုရမ် အခမ်း အနားကို ယမန်နေ့ မေ(၆)ရက်၌ မိုးလေဝသနှင့် ဇလဗေဒညွှ န်ကြားမှုဦးစီးဌာန၊ ဘက်စုံသဘာဝဘေးကြိုတင်သတိ ပေးဗဟိုဌာန (Multi-Hazard Early Warning Center) အစည်း အဝေးခန်းမတွင် ကျင်းပပြူလုပ်ခဲ့ကြသည်။

အဆိုပါ ဖိုရမ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီကာလ (အနောက် တောင်မုတ်သုန်ရာသီကာလ) အတွက် မိုးလေဝသနှင့် ဇလ ဗေဒဆိုင်ရာ ယေဘုယျ ခန့်မှန်းချက်များ တင်ပြဆွေးနွေးခြင်း၊ စိုက်ပျိုးရေး မိုးလေဝသ အခြေအနေနှင့် မိုးလေဝသအသုံးအနှုန်းများ၊ မြန်မာနိုင်ငံနှင့် ငလျင်ဘေး အန္တရာယ်အကြောင်းတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် ၂၀၂၃ – ၂၀၂၄ ခုနှစ် ဆောင်းရာသီကာလအတွင်း ကြုံတွေ့ခဲ့ရသော ရာသီဥတုနှင့် မိုးလေဝသဆိုင် ရာအတွေ့အကြုံများနှင့် သင်ခန်းစာများကို ဆွေးနွေးခြင်းနှင့် ယခု ၂၀၂၄ ခုနှစ် မိုးရာသီကာလအတွက် ကဏ္ဍအလိုက် ကြို တင်ပြင်ဆင်မှု အခြေအနေများ အားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယင်း ဖိုရမ်သို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာကျော်မိုးဦး၊ အခြားဆက်စပ်ဌာနများမှ ဌာနဆိုင်ရာကိုယ်စားလှယ်များနှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အရာ ထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here