လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ပုစွန်အစုံ ပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

0
39

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွ က်သို့ ဧပြီလအတွင်း ပုစွန်အစုံ ပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးလုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။

လပွတ္တာမြို့နယ်ရှိ ကုန်ပစ္စည်းရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင်များသည် ဒေသမှထွက်ရှိသည့် ပုစွန်များဝယ်ယူ၍ စနစ် တကျသန့်စင်ကာ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျ က်ရှိရာ ပြီးခဲ့သည့် မတ်လအတွင်းက ပုစွန်အစုံ ပိဿာချိန် ၇၀၀၀၀  တင်ပို့ရောင်းချခဲ့ရပြီး ဧပြီလ (၁) ရက်မှ (၃၀) ရက်အထိ ပုစွန်အစုံပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း သိရသည်။

“ပုစွန်အပါအဝင် ရေထွက်ကုန်တွေကို ကုန်ချိန်အများအပြား တင်ပို့ရောင်းချနေရတာကြောင့် ရေထွက်ပစ္စည်းတွေ တင်ပို့ရောင်းချတဲ့ လုပ်ငန်းလုပ်ကိုင်သူတွေလဲ အလုပ်အကိုင်အခွ င့်အလမ်း ကောင်းလာပါတယ်။ တင်ပို့ရောင်းချရတာလဲ အ ခက်အခဲမရှိပါဘူး” ဟု လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သ ည့် ပုစွန်များ၏ တစ်ပိဿာဈေးနှုန်းမှာ ပုစွန်ဘော့ချိတ် ၁၆၅၀၀ ကျပ် မှ ၁၈၅၀၀ ကျပ်၊ ပုစွန်ဆိတ်သေး ၁၃၅၀၀ ကျပ် မှ ၁၅၅၀၀ ကျပ်၊ ပုစွန်ဆိတ်ကြီး ၁၅၅၀၀ ကျပ်မှ ၁၆၅၀၀ ကျပ်၊ ပုစွန်တုပ် ၂၉၅၀၀ ကျပ် မှ ၃၂၀၀၀ ကျပ် စသဖြင့် လတ်ဆတ်မှုအပေါ်မူတည်ပြီး ဈေးအနိမ့်အမြင့်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here