စံ(၅)ရပ် နှင့် ကိုက်ညီသည့်  စာကြည့်တိုက် ၂၅၀၀​ကျော်ရပ်နားခဲ့ရ၍ လုပ်ငန်းစဉ် (၄) ရပ်ဖြင့်ပြန်လည်ပြန်လည်မြှင့်တင်မည်

0
111

မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် စံ (၅) ရပ် နှင့် ကိုက်ညီသည့် ရပ်ကွက်၊ ကျေးရွာ စာကြည့်တိုက် ၆၁၀၆ ခုရှိရာ လက်ရှိအ ခြေအနေအရ စာကြည့်တိုက် ၃၅၀၈ တိုက်သာကျန်ရှိပြီး ၂၅၉၈ တိုက်မှာ ရပ်နားခဲ့ရသည်ကို စိစစ်တွေ့ရှိရကြောင်း ပြန် ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်း ဆောင်ရွက်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးမှ စာကြည့်တိုက်များအတွက် စာအုပ်စာစောင်များ လှူဒါန်းပွဲအခမ်းအနားကို ဧပြီ (၁၀) ရက်တွင် နေပြည် တော်ရှိ အမျိုးသား စာကြည့်တိုက်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာကြည့်တိုက်များတွင် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ပြုလုပ်ခဲ့ပြီး ထိုသို့လှူဒါန်းမှုများမှ အလှူငွေကျပ်သိန်းပေါင်း တစ်သောင်းကျော်နှင့် စာအုပ်စာစောင် ၈၅,၅၄၀ ကို လက်ခံရရှိခဲ့ကြောင်း သိရသည်။

လက်ခံရရှိခဲ့သည့် အလှူငွေနှင့်စာအုပ် စာစောင်များကို စနစ် တကျ သုံးစွဲနိုင်ရေးနှင့် ထပ်မံပြီး အလှူငွေနှင့် စာအုပ်စာစောင်များ ရရှိရေး၊ နိုင်ငံတော်ဝန်ကြီးချုပ်၏မူဝါဒဖြစ်သည့် စာဖတ်ရှိန်မြှင့်တင်ရေးတို့ကို တစ်ဆက်တည်းဆောင်ရွက်ရန် လိုအပ်လာသည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီထံ တင်ပြ၍ အတည်ပြုချက်ရယူပြီး “မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ” ကို ဧပြီ (၂၂) ရက်တွင် ဖွဲ့စည်းခဲ့ကြောင်း သိရ

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူခံရရှိသည့် အလှူငွေနှင့် စာအုပ်စာစောင်များကို သုံးစွဲရာတွင် လုပ်ငန်းစဉ် (၄) ရပ် သတ်မှတ်ထားရှိပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရပ်နားထားသည့် စာ ကြည့်တိုက်များကို ပြန်လည်ဖွင့်လှစ်ရေး လုပ်ငန်းစဉ်၊ စာကြည့်တိုက်များ အသစ်တည်ထောင်ဖွင့်လှစ်မည့်လုပ်ငန်း စ ဉ်၊ ပြည်သူများ စာပေဖတ်ရှုလေ့လာစေရန် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်မည့် လုပ်ငန်းစဉ်၊ စာအုပ်စာစောင်များ ဖြန့်ဝေမည့် လုပ်ငန်းစဉ်များဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။

လူငယ်များအပါအဝင် ပြည်သူများ စာဖတ်ကြစေရန်နှင့် စာပေလေ့လာဖတ်ရှုနိုင်မည့်ပတ်ဝန်းကျင် ဖန်တီးပေးနိုင်ရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းစဉ်ဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ပြီး ရပ်ကွက်/ ကျေးရွာအလိုက် အသိပညာနှီးနှောဖလှယ်ဆွေးနွေးလှုပ်ရှားမှုများကို အပတ်စဉ် လစဉ်အလိုက် ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here