သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံကြီး၌ အခမဲ့မျက်စိခွဲစိတ်ကုသပေးမှု (၂)ရက်အတွင်း လူနာပေါင်း (၅၀၀)ကျော် ကုသ ပြီးစီး

0
48

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့၊ မဟာမြတ်မုနိဘုရားကြီးဝင်းအတွင်းရှိ သီတဂူစက္ခုဒါနဆေးရုံကြီးတွင် အခမဲ့ မျ က်စိခွဲစိတ်ကုသပေးမှု ပြူလုပ်ပေးလျှက်ရှိရာ (၂)ရက်အတွ င်း လူနာပေါင်း (၅၀၀)ကျော် ကုသပြီးစီးခဲ့ကြောင်း သိရသ ည်။

ထိုသို့ ခွဲစိတ်ကုသပေးရာတွင် မေ(၅)ရက်‌မှ မေ(၆)ရက်အထိ  (၂)ရက်အတွင်း စမ်းသပ်စစ်ဆေးလူနာ (၄၉၂)ဦး၊ ခွဲစိတ်ကုသပေးသည့်လူနာ (၅၆)ဦး စုစုပေါင်း (၅၄၈)ဦးအား ကုသပေးခဲ့ပြီးဖြစ်သည်။

ခွဲစိတ်ကုသပေးမှုအတွက် ယခင်က မေလ(၆)ရက်မှ စတင်မည်ဟု အသိပေးထားသော်လည်း ကုသလူနာများသည့် အ တွက် တစ်ရက်စော၍ ကုသပေးနေခြင်းဖြစ်ကာ မေ(၈)ရက်တွင် နောက်ဆုံးကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သီပေါမြို့၊ သီတဂူစက္ခုဒါနဆေးရုံကြီး၌ အခမဲ့မျက်စိခွဲစိတ်ကုသပေးမှုသည် (၅၃)ကြိမ်မြောက်ရှိပြီဖြစ်ပြီး ဆေးရုံကြီးအား သီတဂူဆရာတော်ဘုရားကြီးက ကျပ်သိန်း(၁,၃၃၃)ခန့် ကုန်ကျခံဆောက်လုပ်၍ (၂၀၀၈)ခုနှစ်တွင် ဖွင့်လှစ်ပေးခဲ့ခြ င်းဖြစ်သည်။

ကိုဗစ် – ၁၉ ရောဂါကာလစတင်သည့် အချိန်မှစတင်၍ စမ်း သပ်ခွဲစိတ်ကုသပေးမှုများအား ယာယီရပ်ဆိုင်းခဲ့ပြီး ၂၀၂၂ ခုနှစ်၊ မေလအတွင်းတွင်(၄၈)ကြိမ်မြောက် ပြန်လည်ဖွင့်လှစ် ခွဲစိတ်ကုသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here