ပူတင်ရဲ့ သမ္မတ ကျမ်းကျိန်ပွဲ အမေရိကန်နဲ့ အီးယူနိုင်ငံအများစု သပိတ်မှောက်မယ် 

0
109

အမေရိကန်နဲ့ အီးယူနိုင်ငံအများစုဟာ အင်္ဂါနေ့မှာ ပြုလုပ်မယ့် ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ နောက်ခြောက်နှစ်သက်တမ်း သမ္မတ ကျမ်းသစ္စာကျိန် အခမ်းအနားကို မတက်ရောက်ဘဲ သပိတ်မှောက်သွားမှာဖြစ်ကြောင်း သိရပါတယ်။ သို့ပေမယ့် ပြင်သစ်နဲ့ အချို့ အီးယူနိုင်ငံတွေကတော့ ယူကရိန်းရဲ့ ပန်ကြားထားမှုရှိပေမယ့် အဆိုပါအခမ်းအနားကို သံတမန်တွေ စေလွှတ်သွားမယ်လို့ မျှော်လင့်ရပါတယ်။ 

“သူ့ရဲ့ ကျမ်းကျိန်ပွဲမှာ ကျွန်တော်တို့ ကိုယ်စားလှယ်ရှိနေမှာ မဟုတ်ပါဘူး” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ မက်သျူး မီလာက ပြောဆိုပါတယ်။ ဒီရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတယ်လို့ မိမိတို့ သေချာပေါက် မယူဆထားပေမယ့် သူက ရုရှားနိုင်ငံရဲ့ သမ္မတဖြစ်ပြီး အဲဒီစွမ်းဆောင်ရည်အတိုင်း ဆက်သွားနေဦးမှာပါလို့လည်း ၎င်းက ဆိုခဲ့ပါတယ်။ 

အနောက်အင်အားကြီးနိုင်ငံတွေရဲ့ ကျမ်းကျိန်အခမ်းအနားနဲ့ ပတ်သက်ပြီး သံတမန်ရေးအရ ကွဲပြားတဲ့ တုန့်ပြန်မှုတွေဟာ ယူကရိန်းကို အလုံးစုံ ကျူးကျော်မှု ၂ နှစ်ကျော်ကာလရှိလာချိန် ရုရှားခေါင်းဆောင်အပေါ် ကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ ကွဲပြားမှုတွေကို မီးမောင်းထိုးပြနေပါတယ်။ 

ရွေးကောက်ပွဲ ကျွမ်းကျင်သူတွေ၊ လေ့လာသူတွေနဲ့ မီဒီယာတွေက ထုတ်ဖော်ခဲ့တဲ့ အထောက်အထားတွေအရ မတ် ၁၅-၁၇ သမ္မတ ရွေးကောက်ပွဲမှာ ပူတင်က ထောက်ခံမဲ ၈၇ ရာခိုင်နှုန်းနဲ့ အနိုင်ရခဲ့ပါတယ်။ 

ရုရှားရဲ့ မကြာခင်က ရွေးကောက်ပွဲ ရလဒ်တွေအပေါ်နဲ့ ကျမ်းကျိန်ခြင်းမပြုမီ ပူတင်ရဲ့ တရားဝင်မှုကို အသိအမှတ်မပြုကြဖို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက မေ ၆ ရက်မှာ အခြားနိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို တိုက်တွန်းသွားခဲ့ပါတယ်။ 

Ref: The Guardian, K


LEAVE A REPLY

Please enter your comment!
Please enter your name here